မောင်တော၌ ကျပ်သိန်းပေါင်း ၅၆၅၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Printer-friendly versionSend by email

မောင်တော၌ ကျပ်သိန်းပေါင်း ၅၆၅၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မောင်တော အောက်တိုဘာ ၆

မောင်တောမြို့၌ အောက်တိုဘာ ၅ ရက် ည ၇ နာရီခန့်က မူးယစ်တပ်ဖွဲ့စု၄၆ နှင့် ပူးပေါင်းအဖွဲ့သည် ကျီးကန်းပြင် ၃ မိုင် ကားလမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသည့် ဆိုက်ကယ်နှစ်စီးဖြင့် အမျိုးသားသုံးဦးမှာ အီတီလီယာကျေးရွာသွားလမ်းဟောင်းအတိုင်း ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ အမျိုးသားနှစ်ဦး မောင်းနှင်လာသည့် ဆိုက်ကယ်တစ်စီးနှင့် အထုပ်နှစ်ထုပ်အားထားခဲ့ပြီး ထွက်ပြေးသွားသည်။ ကျန်အမျိုးသားတစ်ဦး မောင်းနှင်လာသည့်ဆိုင်ကယ်မှာ မြို့ဦးကျေးရွာအုပ်စု ဇူလကျေးရွာအတွင်းသို့ ထွက်ပြေးသွားခဲ့ရာလိုက်လံဖမ်းဆီးနိုင်ရေး ရှာဖွေသော်လည်း တွေ့ရှိခြင်းမရှိခဲ့ပေ။

ပူးပေါင်းအဖွဲ့က ကျန်ရှိခဲ့သည့် ဆိုင်ကယ်နှင့်အထုပ်နှစ်ထုပ်အား စစ်ဆေးရာ စိတ်ကြွရူးသွပ် ဆေးပြား ၉၇၅၀ စီပါ ဆေးပြားအထုပ် ၂၉ ထုပ် စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၂၈၂၇၅၀(အလေးချိန် ၂၈ ဒသမ ၂၇၅ ကီလို) တန်ဖိုးကျပ်သိန်းပေါင်း ၅၆၅၅ သိန်းနှင့် တရုတ်နိုင်ငံလုပ် DAYANG -125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး အမှုဖွင့်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။