မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့် ရေမိုင်လှည့် ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့် ရေမိုင်လှည့် ကင်းဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၆

မောင်တောမြို့နယ် နယ်မြေ(၂) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်ဇူနယ်မြေရုံးမှ ဒုတိယရဲမှူး ထွန်းထွန်းစိုး ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGBတပ်ရင်း Nikuchari ကင်းစခန်းမှ Naib Subedar Md. Mahbubur Raham ဦးစီးတပ်ဖွဲ့ဝင်များ စကားပြန်/လမ်းပြတို့သည် အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီ ၅၅မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်အထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် ၄၂ မှ ၄၃ ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြသည်။

အလားတူ နံနက် ၁၀ နာရီ မိနစ် ၂၀တွင် မောင်တောမြို့ နယ်မြေ(၇) ရှေ့တန်းအမှတ်(၁)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ မကျီးချောင်းနယ်မြေရုံးမှ ဒုတိယရဲမှူး ကျော်သက်ဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ်အမှတ် ၀၀၃၊ ၀၀၆ နှစ်စင်းဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB(2)မှ Subedar Md.Nazrul Islam ဦးဆောင်သည့် အဖွဲ့ဝင်များသည် စက်တပ်ရေယာဉ်နှစ်စင်းဖြင့် လည်းကောင်း မကျီးချောင်း ချောင်း၀နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီးရေမိုင်အမှတ်(၂)၌ တွေ့ဆုံပြီး ရေယာဉ်လေးစင်းဖြင့် နတ်မြစ်ကြောင်းအတိုင်းကင်းလှည့်ခဲ့ရာ နံနက် ၁၁ နာရီတွင်အောင်ဗလချောင်း၀ထိပ် ရေမိုင်အမှတ်(၅)သို့ ရောက်ရှိကာ ရေယာဉ်အမှတ် ၀၀၃ ပေါ်၌နှစ်ဖက်ညှိနှိုင်းကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံခဲ့ကြောင်း သိရသည်။