မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့် ရေမိုင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်နှင့် ရေမိုင်လှည့်ကင်းဆောင်ရွက်

မောင်တော စက်တင်ဘာ ၁၄

မောင်တောမြို့နယ် နယ်မြေ(၃) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူး အောင်မျိုးဇော်လွင် ဦးစီးတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) နယ်ခြားစောင့်တပ် PBGM Tumbru ကင်းစခန်းမှNaib Subedar Md. Abdul Hakim ဦးစီးတပ်ဖွဲ့ဝင်များ၊ စကားပြန်/လမ်းပြတို့သည် စက်တင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီ ၁၀ မိနစ်မှ ၁၁ နာရီ၅၅ မိနစ်အထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၃၄)မှ (၃၆)ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့သည်။

အလားတူ မောင်တောမြို့နယ်နယ်မြေ(၁) အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေရုံးကွပ်ကဲမှုအောက်ရှိ မှတ်တိုင်(၄၈)ကင်းစခန်းမှ ဒုတိယရဲအုပ် ဝင်းနိုင်ဦးစီးတပ်ဖွဲ့ဝင်များ၊ စကားပြန်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁)နယ်ခြားစောင့်တပ် Bhalukhaiya ကင်းစခန်းမှ Naib Subedar Md. Abu Hanif ဦးစီးတပ်ဖွဲ့ဝင်များနှင့်စကားပြန်/လမ်းပြတို့သည် နံနက် ၁၀နာရီ မိနစ် ၅၀ မှ ၁၁ နာရီ မိနစ်၅၀ အထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင်(၄၈)မှ(၄၉)အထိနှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့သည်။

ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီ၄၅ မိနစ်က မောင်တောမြို့ နယ်မြေ(၅) အမှတ်(၂) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ၊ငါးခူရနယ်မြေရုံးမှ ဒုတိယရဲမှူးထွန်းထွန်းဦးစီးတပ်ဖွဲ့ဝင်များ သည်ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်း အမြန်သွားတိုက်ခိုက်ရေးရေယာဉ် နှစ်စင်း ဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ BGB(2)မှ Naib Subedar Mohamood Ali ဦးဆောင်သည့်အဖွဲ့ဝင်များသည် စက်တပ်ရေယာဉ်နှစ်စင်းဖြင့် လည်းကောင်း၊ စံပယ်ပင်ရင်းချောင်း၀ထိပ် နတ်မြစ်အလယ်ရှိနှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၁၁)၌ တွေ့ဆုံပြီး နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေယာဉ်လေးစင်းဖြင့်နတ်မြစ်ကြောင်းအတိုင်း ရေမိုင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။