မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၃

မောင်တောမြို့နယ် နယ်မြေ ၁၊ အမှတ် ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေရုံး မှ ရဲအုပ်ဇော်လင်းအောင်ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် ၁၁ BGBတပ်ရင်း Fultoliကင်းစခန်းမှ SubedarMd. Mosharaf Hosssen ဦးစီးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက်နံနက် ၉ နာရီ ၁၅ မိနစ်မှ ၁၂ နာရီ ၁၅ မိနစ် အထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင် ၄၇ မှ ၄၈ အထိနှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။