မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ ၁၂

မောင်တောမြို့နယ် နယ်မြေ(၁) အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေရုံးမှ ရဲအုပ်ဇော်လင်းအောင်ဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGB တပ်ရင်း Jaruliachari  ကင်းစခန်းမှ Naib Subedar Md. Abdul Hannan  ဦးစီးသော အဖွဲ့ဝင်များနှင့် စကားပြန်/လမ်းပြတို့သည် စက်တင်ဘာ ၁၁ရက် နံနက် ၁၁ နာရီမှ မွန်းတည့် ၁၂ နာရီအထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်း အတိုင်း နယ်နိမိတ်မှတ်တိုင် (၄၆)မှ (၄၇)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ မောင်တောမြို့နယ် နယ်မြေ(၃) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တောင်ပြို (ယာ)နယ်မြေရဲစခန်းမှဒုတိယရဲမှူး အောင်မျိုးဇော်လွင် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၃၄) BGB တပ်ရင်းGhumdhum ကင်းစခန်းမှ Naib Subedar Md. Ragfiqul Islam ဦးစီးသော အဖွဲ့ဝင်များနှင့် စကားပြန်/လမ်းပြတို့သည် နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီ ၃၅ မိနစ်အထိမိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ် ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ်မှတ်တိုင်(၃၁)မှ (၃၄)ထိ နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။