ရမ်းဗြဲမြို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Printer-friendly versionSend by email

ရမ်းဗြဲမြို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရမ်းဗြဲ

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် စက်တင်ဘာ ၁၀ ရက် ညကစိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိသည်။

ရမ်းဗြဲမြို့မရဲစခန်းမှ ရဲအုပ်အောင်ဝင်း ဦးဆောင်သောနယ်ထိန်းအဖွဲ့ဝင်များက ရမ်းဗြဲမြို့ အမှတ် ၄ ရပ်ကွက်အောင်ဆိပ်ရပ်နေ မောင်ထက်အောင်လင်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ရှစ်ပြားနှင့်နှင့် အမှတ် ၂ ရပ်ကွက်၊ ရွှေတုံးရပ်နေမောင်ပြည့်ဖြိုးအောင်ထံမှ စိတ်ကြွရူးသွပ်ဆေး ၉၉ ပြားတို့ကိုရှာဖွေတွေ့ရှိသဖြင့် ဥပဒေအရဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။