မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၀

မောင်တောမြို့နယ် နယ်မြေ(၂) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (အောင်ဇူ)မှ ဒုတိယရဲမှူး ထွန်းထွန်းစိုး ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGB တပ်ရင်း Ashartoliကင်းစခန်းမှ Naib Subedar Md. Atiar Rahaman ဦးစီးအဖွဲ့ဝင်များသည်စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီ ၅၅မိနစ်မှ ၁၁ နာရီ ၄၅ မိနစ်အထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်နိမိတ် မှတ်တိုင်(၄၅) မှ (၄၆)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိသည်။