မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၆

မောင်တောမြို့နယ် နယ်မြေ(၂) အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အောင်ဇူနယ်မြေ ရဲစခန်းမှ ဒုတိယရဲမှူး ထွန်းထွန်းစိုးဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁)BGB တပ်ရင်း Chakdhala ကင်းစခန်းမှ Naib Subedar Md. Wares Sarkar ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် ယမန်နေ့က နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးလမ်း အတိုင်း နယ်နိမိတ်မှတ်တိုင်(၄၃)မှ (၄၄)ထိ နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။