ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏အကြံပေးအဖွဲ့ဝင် တောင်အာဖရိကနိုင်ငံ ကာကွယ်ရေးဝန်ကြီးဟောင်း Mr. Roelof Meyer နှင့်အဖွဲ့ မောင်တောမြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံ

Printer-friendly versionSend by email

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏အကြံပေးအဖွဲ့ဝင် တောင်အာဖရိကနိုင်ငံ ကာကွယ်ရေးဝန်ကြီးဟောင်း Mr. Roelof Meyer နှင့်အဖွဲ့ မောင်တောမြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံ

 

မောင်တော စက်တင်ဘာ ၅

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏အကြံပေးအဖွဲ့ဝင် တောင်အာဖရိကနိုင်ငံ ကာကွယ်ရေးဝန်ကြီးဟောင်း Mr. Roelof Meyer နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်မောင်တောမြို့နယ်ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည် သူများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ Mr. Roelof Meyer နှင့်အဖွဲ့သည် မောင်တောခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲထူးက မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များ၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့်နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်ပေးနေမှုများ၊ မောင်တောဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် Mr. Roelof Meyer က နှစ်ဖက်အသိုက်အဝန်းများအကြား ပြန်လည် သင့်မြတ်ရေးလုပ်ငန်းများအတွက်တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းများ ပြုလုပ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

မွန်းလွဲပိုင်းတွင် Mr. Roelof Meyer နှင့် အဖွဲ့သည် မောင်တောမြို့နယ်ရှိ မြို့မိမြို့ဖ များနှင့် ရပ်မိရပ်ဖများ၊ အစ္စလာမ်ဘာသာဝင်များနှင့် ဒေသခံရခိုင်တိုင်းရင်းသားများကို သီးခြားစီ တွေ့ဆုံပြီး နှစ်ဖက်အသိုက်အဝန်းများအကြားစကားဝိုင်း များပြုလုပ်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ထင်မြင်ယူဆချက်များ၊ သုံးသပ်ချက်များနှင့် အကြံပြုချက် များကို ရယူကြသည်။