တစ်ဖက်နိုင်ငံတွင် ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာသူ ခြောက်ဦး တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ မိမိသဘော ဆန္ဒဖြင့် ပြန်လည်ဝင်ရောက်

Printer-friendly versionSend by email

တစ်ဖက်နိုင်ငံတွင် ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာသူ ခြောက်ဦး တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသို့ မိမိသဘော ဆန္ဒဖြင့် ပြန်လည်ဝင်ရောက်

မောင်တော စက်တင်ဘာ ၄

တစ်ဖက်နိုင်ငံ၌ ရောက်ရှိနေကြသည့် နေရပ်စွန့်ခွာသူ ခြောက်ဦးသည်ယနေ့နံနက် ၈ နာရီ တွင် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းသို့ မိမိသဘောဆန္ဒဖြင့် ပြန်လည်ဝင် ရောက်လာကြကြောင်း တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းမှ သိရသည်။

ပြန်လည်ဝင်ရောက်လာကြသည့် မာမတ်ရှော်ရိပ်နှင့် မိသားစုဝင်ငါးဦးကို တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း စခန်းတာဝန်ခံနှင့်တာဝန်ရှိသူတို့က ပြန်လည်စိစစ် လက်ခံရေးလုပ်ငန်းအဆင့်ဆင့်ကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြန်လည်ဝင်ရောက်လာသူ မာမတ်ရှော်ရိပ်နှင့် မိသားစုဝင် ငါးဦးတို့သည် လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းသို့ ရောက်ရှိရာစခန်းတာဝန်ခံ ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ကူညီထောက်ပံ့ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ပေးအပ်ပြီး ၎င်းတို့ခြောက်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ၎င်းတို့၏ဆွေမျိုးများထံသို့ ပြန်လည်လွှဲပြောင်းပေးပို့ခဲ့ကြောင်းသိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူ ခြောက်ဦးတွင် အမျိုးသား လေးဦးနှင့်အမျိုးသမီး နှစ်ဦးပါဝင်ပြီး ယခင်က မောင်တောမြို့နယ် မီးတိုက်ကျေးရွာအုပ်စု ရဲအောင်ချောင်း ကျေးရွာတွင် နေထိုင်ခဲ့ကြသူများဖြစ်ကြကြောင်း သိရသည်။