ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

Printer-friendly versionSend by email

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

 

နေပြည်တော် ဩဂုတ် ၁၆

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့ညနေ ၃ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် UEHRD စီမံကိန်း၏ဆောင်ရွက်နေသော ကိစ္စရပ်များ၊ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့များဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု အခြေအနေများ၊ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးခဲ့ပြီးလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များက သိရှိလိုသည်များကို ဖြေကြားရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။