ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် မေ ၂ ရက်မှ ဩဂုတ် ၁၃ရက်အထိ ငွေကျပ်သိန်းပေါင်း ၁၂၅၇၇၃ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Printer-friendly versionSend by email

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် မေ ၂ ရက်မှ ဩဂုတ် ၁၃ရက်အထိ ငွေကျပ်သိန်းပေါင်း ၁၂၅၇၇၃ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် ဩဂုတ် ၁၅

ရခိုင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေ ၁ ရက်အထိ စိတ်ကြွရူးသွပ် ဆေးပြား၊ စိတ်ကြွအကြေမှုန့်၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း၊အယ်ပရာဇိုလမ်ဆေးပြား၊ ဒိုင်ရာဇီပမ်၊ ဒိုင်ရာဇီပမ်ထိုးဆေး၊ မော်ဖင်းထိုးဆေး၊ Lutigesic၊ Zoliuncarpa zolarn၊ ကတ်တမင်း၊ Fantanylနှင့် အက်ဖီဒရင်း စသည့် မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၈၃၆၉၂၅ ဒသမ ၉၃၄ သိန်းဖိုး သိမ်းဆည်းရမိခဲ့ပြီး အမှုပေါင်း၆၃၁ မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ တရားခံ ၁၀၁၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၂၀၁၈ ခုနှစ် မေ ၂ ရက်မှ ဩဂုတ် ၁၃ ရက်အထိ မူးယစ်ဆေးဝါးမျိုးစုံသိမ်းဆည်းရမိမှုမှာ စိတ်ကြွရူးသွပ်ဆေးပြား ၄၁၉၁၄၃၀၊ စိတ်ကြွအကြေမှုန့်သုည ဒသမ ၀၀၃၅ ကီလို၊ ဆေးခြောက် ၁၃ ဒသမ ၇၆၈၀၂ ကီလိုစသည့် မူးယစ်ဆေးဝါး စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ၁၂၅၇၇၃ ဒသမ၇၉၅ သိန်းဖိုးတို့ကို သိမ်းဆည်းရမိခဲ့ပြီး အမှုပေါင်း ၉၄ မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ တရားခံ ၁၃၂ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း၌၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၁၄ ရက်အထိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၃၁၄၇၀၁ ပြား၊ စိတ်ကြွ အကြေမှုန့် ၂ ဒသမ ၅၉၀၃ ကီလိုနှင့် ဆေးခြောက် သုည ဒသမ ၁၅၄၉ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီးအမှုပေါင်း ၈၄ မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ တရားခံ ၁၂၈ ဦးအား ဖမ်းဆီးရမိခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဩဂုတ် ၁၃ရက်အထိ စိတ်ကြွရူးသွပ်ဆေးပြား၊ စိတ်ကြွအကြေမှုန့်၊ ဆေးခြောက်၊ ဗျူပရီနော်ဖင်း၊ အယ်ပရာဇိုလမ်ဆေးပြား၊ ဒိုင်ရာဇီပမ်၊ ဒိုင်ရာဇီပမ်ထိုးဆေး၊မော်ဖင်းထိုးဆေး၊ Lutigesic၊ Zoliuncarpa zolarn၊ ကတ်တမင်း၊ Fantanyl နှင့် အက်ဖီဒရင်း စသည့် မူးယစ်ဆေးဝါးမျိုးစုံ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၁၉၆၂၆၉၉ ဒသမ ၇၂၉ သိန်းဖိုး သိမ်းဆည်းရမိခဲ့ပြီး အဆိုပါမူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ အမှုပေါင်း ၇၂၅ မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့ကာ တရားခံ ၁၁၄၃ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။