မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်

နေပြည်တော် ဩဂုတ် ၁၃

မောင်တောမြို့ နယ်မြေ(၅) အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးခူရနယ်မြေရဲစခန်းမှူး ဒုတိယရဲမှူး မောင်မောင်ရင်ဦးစီးသည့် တပ်ဖွဲ့ဝင်ခြောက်ဦးသည် ဩဂုတ် ၁၂ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)က အမြန်သွားတိုက်ခိုက်ရေး ရေယာဉ် နှစ်စင်းဖြင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအမှတ်(၂) နယ်ခြားစောင့်တပ်မှ Major Shariful Islam ဦးစီး၁၂ ဦးသည် စက်တပ်ရေယာဉ်နှစ်စင်းဖြင့် လည်းကောင်း မင်္ဂလာကြီးချောင်း၀ထိပ် နတ်မြစ်အလယ်နှစ်နိုင်ငံ နယ်နိမိတ်အနီးဆုံရပ်၌တွေ့ဆုံ၍ နတ်မြစ်ကြောင်းအတိုင်းညှိနှိုင်းကင်းလှည့်ခဲ့ရာ ဦးရှည်ကျချောင်း၀အနီး ရေမိုင် ၁၁ သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။