ရခိုင်ပြည်နယ်၌ UNDP နှင့် UNHCR ဝန်ထမ်းများက ကွင်းဆင်းအကဲဖြတ်မှုများ စတင်ဆောင်ရွက်မည်

Printer-friendly versionSend by email

ရခိုင်ပြည်နယ်၌ UNDP နှင့် UNHCR ဝန်ထမ်းများက ကွင်းဆင်းအကဲဖြတ်မှုများ စတင်ဆောင်ရွက်မည်

 

နေပြည်တော် ဩဂုတ် ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)တို့အကြား ဇွန် ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည့်နားလည်မှုစာချွန်လွှာအားလက်တွေ့အကောင်အထည်ဖော်ရေး ပထမအဆင့်အနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအုပ်စု ငါးအုပ်စု (ကျေးရွာ ၁၂ရွာ)နှင့် မောင်တောမြို့နယ်ရှိ ကျေးရွာအုပ်စု ရှစ်အုပ်စု (ကျေးရွာ ၁၁ ရွာ)စုစုပေါင်းကျေးရွာအုပ်စု ၁၃ အုပ်စု (ကျေးရွာ ၂၃ ရွာ)တို့၌ ကွင်းဆင်းအကဲဖြတ်မှု များစတင်ဆောင်ရွက်သွားမည်ဖြစ်သည်။

စီစဉ်ဆောင်ရွက်ပေး

ယင်းသို့ ကွင်းဆင်းအကဲဖြတ်မှုများ ဆောင်ရွက်နိုင်ရန်အတွက် UNDPနှင့် UNHCR တို့ဘက်မှ တာဝန်ချထားသည့် ဝန်ထမ်းများအား ခရီးသွားလာခွင့်ပြုကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဩဂုတ် ၇ ရက်တွင် အသိပေးထားပြီး ယခုအခါ အဆိုပါနေရာများသို့ ကွင်းဆင်းအကဲဖြတ်မှုများ ပြုလုပ်ရန်အတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးရန် သက်ဆိုင်ရာဌာနများ သို့လည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။