မာန်အောင်မြို့နယ် သစ်ချောင်းအတွင်း ငါးဖမ်းစက်လှေတစ်စင်း နစ်မြုပ်၊ တစ်ဦးပျောက်ဆုံး

Printer-friendly versionSend by email

မာန်အောင်မြို့နယ် သစ်ချောင်းအတွင်း ငါးဖမ်းစက်လှေတစ်စင်း နစ်မြုပ်၊ တစ်ဦးပျောက်ဆုံး

မာန်အောင် ဇူလိုင် ၃၁

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သစ်၀အုပ်စု ဇရပ်ကုန်းခင်ကျေးရွာအနီး သစ်ချောင်းအတွင်း ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီခွဲက ငါးဖမ်းစက်လှေတစ်စင်း နစ်မြုပ်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ တန်လှောင်ကုန်းကျေးရွာနေ စက်လှေပိုင်ရှင် ဦးဖြူလှအောင် မောင်းနှင်သော ငါးဖမ်းစက်လှေသည် စက်လှေလုပ်သားသုံးဦးနှင့်အတူ ပင်လယ်ပြင်မှ ငါးဖမ်းပြီး သစ်ချောင်းအတွင်း ဆိပ်ကမ်း၌ ရပ်နားရန်စက်ရှိန်လျှော့ပြီး ဆိုက်ကပ်စဉ် စက်လှေမှာ ရေစီးဖြင့် မျောပါနစ်မြုပ်သွားခဲ့ရာ စက်လှေလုပ်သားသုံးဦးအနက် ဘူးရေမျက်ကျေးရွာမှ ဦးဖြူလုံး(၅၅)နှစ်မှာ ရေနစ်၍ပျောက်ဆုံးနေကြောင်း သိရသည်။