တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သဘာ၀ဘေးအန္တရာယ်ကျရောက်၍ ပျက်စီးဆုံးရှုံးမှုဖြစ်ပွား

Printer-friendly versionSend by email

နေပြည်တော် ဇူလိုင် ၂၈

၂၀၁၈ ခုနှစ် ဇူလိုင် ၂၇ ရက်ကနေပြည်တော် လယ်ဝေးမြို့နယ်တွင် မိုးရွာသွန်းပြီး ရေနီလေးချောင်း ရေမြင့် တက်ခဲ့ရာ   ဘို့ကိုးလုံးကျေးရွာမှ ရေနီလေးကျေးရွာသို့ ဆက်သွယ်ထားသော အရှည် ပေ ၁၃၀ ရှိ သစ်သားတံတားမှာ ၁၅ ပေခန့်မျောပါပျက်စီးခဲ့ရာ တန်ဖိုး ငွေကျပ် ၃၅ သိန်းခန့် ဆုံးရှုံးပျက်စီးခဲ့ကြောင်း၊ ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက်၌ သစ်ပင်လဲကျပိမိ၍ ဓာတ်တိုင် တစ်တိုင် ကျိုးကျပျက်စီးပြီး ဓာတ်တိုင် တစ်တိုင် တိမ်းစောင်းခဲ့ရာ တန်ဖိုးငွေကျပ် ၁၅၀၀၀၀ ခန့်ဆုံးရှုံးခဲ့ကြောင်း၊ရှမ်းပြည်နယ် မိုးမောက်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နမ့်ကျရီချောင်းရေတိုက်စားမှုကြောင့် မိုးမောက်မြို့နှင့် ကျရီဒဂေါ်ကျေးရွာတို့ကို ဆက်သွယ်ထားသည့် အရှည် ပေ ၂၀၀ ရှိ နမ့်ကျရီ ချောင်းကူး ကွန်ကရစ် တံတားအရှည် ပေ ၇၀ ခန့်၊ ကြံခင်း ကျေးရွာနှင့် နမ့်ဆိုင်းကျေးရွာတို့ကို ဆက်သွယ်ထားသည့် အရှည် ပေ ၂၇၀ ရှိ နမ့်ကျရီ ချောင်းကူးသစ်သားခင်း၊ သံမဏိကြိုးဆိုင်းတံတား(တန်ဖိုး-စိစစ်ဆဲ)တို့ ပြိုကျပျက်စီးကာ ချောင်းရေနှင့်အတူ မျောပါ သွားကြောင်း သိရသည်။

ပျက်စီးဆုံးရှုံး

အလားတူ ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ခရဲကမ်းနား ကျေးရွာအနိမ့်ပိုင်းသို့ ရေများ ဝင်ရောက်ခဲ့သဖြင့်   ကျေးရွာရှိ  အိမ်ထောင်စု ၁၆ စုသည် ကျေးရွာအမြင့်ပိုင်းရှိ ဆွေမျိုးများ နေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ သံလွင်မြစ်ရေတိုက်စားမှုကြောင့် လှိုင်းဘွဲ မြို့နယ် ရွှေဂွန်းကျေးရွာရှိ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး မီးဖိုဆောင်တစ်ဆောင် မြစ်အတွင်းမျောပါသွားခဲ့သဖြင့် တန်ဖိုးငွေကျပ် တစ်သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထီလုံကျေးရွာရှိ ရေဘုတ်ဆည်၌ ရေပိုလွှဲအမှတ် ၆၃ လက်မထက် ၃ဒသမ ၂ လက်မ ပိုလျှံခဲ့၍ ရေပိုလွှဲမှ ရေများထုတ်လွှတ်ခဲ့ရာ သမ္ဘာန်ကျေးရွာရှိ မွေးမြူရေးဇုန် အနိမ့်ပိုင်းသို့ ရေလေးပေခန့် ဝင်ရောက်ခဲ့သဖြင့် ကြက်ခြံ ခုနစ်ခြံ (ကြက်ကောင်ရေ ၄၀၀၀)၊ ဝက်ခြံ ခြောက်ခြံ (ဝက်ကောင်ရေ၆၀)၊ ဆိတ်ခြံတစ်ခြံ (ဆိတ်ကောင်ရေ ၄၃ ကောင်) တို့အား ၎င်းမွေးမြူရေးဇုန် အမြင့်ပိုင်းသို့ ပြောင်းရွှေ့ ထားကြောင်း၊ သံတောင်ကြီး မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလေတကျေးရွာအနီး ယာဒို-ကေကောကားလမ်း ကတ္တရာလမ်း ပခုံးသားမြေပြိုကျ၍ အနီးရှိ လယ်ယာမြေများပေါ်သို့ မြေစာများ ဖုံးလွှမ်းခဲ့သဖြင့် တန်ဖိုးငွေကျပ်၂၆ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မြဝတီမြို့နယ်ဝှေ့ရှမ်း-ပေါလောကျေးရွာ သွားလမ်း အလျားပေ ၃၀ ခန့်ရှိ ကွန်ကရစ်တံတား ပြိုကျပျက်စီးခဲ့သဖြင့် တန်ဖိုးငွေကျပ်သိန်း ၅၀ ခန့် ပျက်စီးဆုံးရှုံးပြီး ထီဝါပလော ကျေးရွာအဝင် ဇရပ်ဖြူကုန်းကျေးရွာ-ထီဝါပလောကျေးရွာချင်းဆက်လမ်း၌ကွန်ကရစ်ပြွန်မြှုပ် တံတားအရှည် ပေ ၃၀ ခန့်မှာ ရေတိုက် စားမျောပါပျက်စီးခဲ့ရာ တန်ဖိုးငွေကျပ် ၂၅ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင် သိရသည်။ ထို့အတူ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် မိုးရွာသွန်းပြီး စစ်တောင်းမြစ်ရေနှင့် ရွှေကျင်ချောင်းရေတို့စိုးရိမ်ရေအမှတ်ထက် မြင့်တက်မှုကြောင့် အင်းဗလာ ကျေးရွာပါ ကျေးရွာ၊ ရပ်ကွက် ၂၈ ခုတို့၌ ရေလေးပေခန့် အထိဝင်ရောက်၍ အိမ်ထောင်စု ၁၇၇၂ စုသည် ၎င်းတို့နှင့် နီးစပ်ရာဆွေမျိုးများ၏ နေအိမ်၊ ရုံးများ၊ ဘုန်းကြီးကျောင်း၊စာသင်ကျောင်းများသို့ ပြောင်းရွှေ့ နေထိုင်လျက် ရှိကြောင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် သနပ်ပင်မြို့နယ် အောင်ချမ်းသာ ကျေးရွာပါ  နှစ်ရွာတွင် နေအိမ် ၂၃ လုံး အမိုးလန်၊တောင်ထန်းမိုး၊ ထရံကာနေအိမ် ခုနစ်လုံး၊ သွပ်မိုး၊ ပျဉ်ကာနေအိမ်ခြောက်လုံး၊ ကြက်ခြံ တစ်ခြံနှင့် လယ်ထွန်စက်ထားသည့် တဲနှစ်လုံး ပြိုကျပျက်စီးခဲ့သဖြင့် တန်ဖိုးငွေကျပ်၁၇၈၂၅၀၀၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဇူလိုင် ၂၇ ရက်ညပိုင်းတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့်လွမ်းပြေကျေးရွာပါ ခြောက်ရွာ၌ သွပ်မိုး၊ ကြမ်းခင်းနေအိမ်အလုံး ၃၀၊ ဘုန်းကြီးကျောင်း ကုဋီ လေးခန်း၊ ကရအမှူးရုံးတစ်ရုံး ပြိုကျပျက်စီး၊ နေအိမ် ၁၈၄ လုံး၊ ရကအမှူးရုံးတစ်ရုံး၊ သစ်သားနွားရုံ တစ်ရုံ၊ စပါးကျီ တစ်ရုံ အမိုးလန်ပျက်စီး၊ သစ်သားတံတား တစ်ခု မျောပါပျက်စီးခဲ့ရာတန်ဖိုးငွေကျပ် ၄၈၄၉၀၀၀၀ ပျက်စီးဆုံးရှုံးခဲ့ကြောင်း။

ယာယီပြောင်းရွှေ့နေထိုင်

ဇူလိုင် ၂၇ ရက် ညပိုင်းတွင် မိုးရွာသွန်းပြီး လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပဲခူးမြို့နယ် ကမာနတ်ကျေးရွာ၌ သွပ်မိုး၊ ထရံကာ နေအိမ် ၈၅ လုံး ပြိုကျ၊ ၁၉၂လုံး အမိုးလန်၊ သွပ်မိုး၊ အုတ်ကာ Rဃ နှစ်ထပ် ဘုန်းကြီးကျောင်းဆောင်သုံးဆောင် အမိုးလန်၊ စောင်းတန်း ငါးခန်းနှင့် အုတ်တံတိုင်းတို့ကို သစ်ပင်ပိမိ၍ ပျက်စီး၊ ဓမ္မာရုံနှစ်ရုံအမိုးလန်ပျက်စီးခဲ့ရာ စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း၂၀၀၀ ခန့် ဆုံးရှုံးခဲ့ပြီး အမျိုးသား တစ်ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ကြောင်း၊ နံနက် ၉ နာရီ ၃၀ မိနစ်အတွင် မိုးရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ကမ်းမြင့်ကျေးရွာအတွင်းသို့ရေငါးပေခန့်အထိ ဝင်ရောက်လျက်ရှိသဖြင့် အိမ်ထောင်စု၂၅ စုသည် ၎င်းကျေးရွာရှိ အမက(မူလွန်)ကျောင်းသို့ ယာယီပြောင်း ရွှေ့နေထိုင်လျက်ရှိကြောင်း၊ ထို့ပြင် မိုးရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ဥဿာမြို့သစ်၉ ရပ်ကွက် အတွင်းသို့ ရေ ၁၂ ပေခန့် ဝင်ရောက်ခဲ့သဖြင့်ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၃၅၇ စုသည် ၎င်းတို့ကျေးရွာ၊ ရပ်ကွက်များရှိ ဘုန်းကြီးကျောင်းများသို့ ယာယီပြောင်းရွှေ့နေထိုင် လျက်ရှိကြောင်းနှင့် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင် ၄၃^၄-၇ ကြား တစ်ပေခွဲခန့် ရေကျော်လျက်ရှိသော်လည်း မော်တော်ယာဉ်များ ပုံမှန် သွားလာလျက်ရှိကြောင်း။

ကျိုးကျပျက်စီး

မိုးရွာသွန်းပြီး ကျောက်ကြီးချောင်းရေ မြင့်တက်မှုကြောင့် ကျောက်ကြီးမြို့နယ် ဝက်လာတောကျေးရွာပါကျေးရွာ၊ ရပ်ကွက် လေးခုအတွင်းသို့ ရေခုနစ်ပေခန့်ဝင်ရောက်၍ အိမ်ထောင်စု ၄၉ စုသည် ဘုန်းကြီးကျောင်း များနှင့် နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ နံနက် ၁၀ နာရီတွင် မအူတန်းချောင်းရေတိုက်စားမှုကြောင့် ဒိုက်ဦးမြို့နယ် မအူတန်းကျေးရွာနှင့် အေးသုခကျေးရွာတို့ ဆက်သွယ် ထားသည့်အရှည် ပေ ၁၅၀ ရှိ သစ်သားတံတားမှာ ကျိုးကျပျက်စီးသွားသဖြင့် တန်ဖိုးငွေကျပ် သိန်း ၅၀ ခန့် ဆုံးရှုံးခဲ့ကြောင်း၊ ညနေ ၅ နာရီတွင် မိုးရွာသွန်းပြီး စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် ညောင်လေးပင်မြို့နယ် မဒေါက်မြို့မြို့မ(၂)ရပ်ကွက်ပါ ရပ်ကွက်နှစ်ခုအတွင်းသို့ ရေလေးပေခန့် ဝင်ရောက်သဖြင့် အိမ်ထောင်စု ၂၆၆ စုသည် ယင်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းသို့ ယာယီပြောင်းရွှေ့နေထိုင် လျက်ရှိကြောင်း သိရသည်။

စိုးရိမ်ရေမှတ်ကျော်

အလားတူ ဇူလိုင် ၂၇ ရက် နံနက် ၅ နာရီခွဲတွင်မွန်ပြည်နယ် သိမ်ဇရပ်မြို့တွင် မြေပြိုကျမှုကြောင့် ရွာမရပ်ကွက်ရှိ ဆွမ်းလောင်းဓမ္မာရုံ၏ နံရံ ၁၀ ပေခန့်ပွင့်ထွက်ပျက်စီးခဲ့ပြီး ကျိုက်ထီးရိုးတောင်တက်ကားဂိတ်အနီးရှိ ဈေးဆိုင်ခန်းတစ်ခန်း ပြိုကျပျက်စီးခဲ့ရာ တန်ဖိုး ငွေကျပ် ၃၈၀၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ နံနက် ၈ နာရီ တွင် မိုးရွာသွန်းမှုကြောင့် ကျီးကန်းပါးစပ်ဘုရား အနီးရှိ ဈေးဆိုင်နှစ်ဆိုင် အနောက်ဘက်ခြမ်းမှ မြေသားများ၊ အမှိုက်ပုံများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် လေပြင်းတိုက်ခတ်မှုကြောင့်ပေါင်မြို့နယ်ကဒုံစီးရပ်ကွက်ရှိ နေအိမ် လေးလုံး အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုးငွေကျပ် လေးသိန်းခန့် ဆုံးရှုံးခဲ့ကြောင်း၊ နံနက် ၇ နာရီခွဲတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘီးလင်းမြို့နယ် ကျောက်လုံးကြီးကျေးရွာရှိ နေအိမ် ၁၆ လုံး ပြိုကျပျက်စီး၊နေအိမ် ၁၇ လုံး အမိုးလန်ပျက်စီးခဲ့ရာ တန်ဖိုးငွေကျပ် ၁၉၃ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင်ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေ အမှတ်အထက် ကျော်လွန်မြင့်တက်မှုကြောင့် မော်လမြိုင်-ရန်ကုန်ကားလမ်း မိုင်တိုင်၁၂၆^၄-၆ အကြားနှင့် မိုင်တိုင် ၁၂၉^၀-၅ အကြားတို့၌ သုံးပေခန့် ရေကျော်လျက်ရှိပြီး မော်တော်ယာဉ်များသွားလာမှုအား ယာယီရပ်ဆိုင်းထားကြောင်း၊ ညနေပိုင်းတွင် မိုးရွာသွန်း မှုကြောင့် သထုံမြို့နယ် ဈေးမသွယ်ကျေးရွာ သိမ်ကုန်းပိုင်း၌ ရေခြောက်ပေခန့် မြင့်တက်ခဲ့သဖြင့် လယ်ကွင်းပြင်တွင်နေထိုင်သော အိမ်ထောင်စု ၁၄ စုသည် အလက(ဈေးမသွယ်အထက်)သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ည ၇ နာရီခွဲတွင် ဒုံသမိမြစ်ရေ မြင့်တက်မှုကြောင့် ဒူးရင်းဆိပ်ကျေးရွာရှိ အိမ်ထောင်စု ၁၄ စုသည် ကျေးရွာရှိ ဓမ္မာရုံနှင့် ဘုန်းကြီး ကျောင်းများသို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း။အလားတူဧရာဝတီမြစ် ကမ်းပါးပြိုကျမှုကြောင် ့ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ် မအူခုံကျေးရွာပါလေးရွာရှိ မြစ်ကမ်းနှင့်နီးသော သွပ်မိုး၊ ထရံကာ နေအိမ်၁၇ လုံးသည် ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ည ၉ နာရီခွဲတွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လှည်းကူးမြို့နယ် ညောင်ကုန်းကျေးရွာ ပါနှစ်ရွာ၌ လူနေအိမ်လေးလုံး ပြို၊ ၁၆ လုံး အမိုးလန်၊ ကျေးရွာဇရပ်တစ်လုံး ပြို၊ သစ်ပင်လဲကျ ပိမိ၍ စေတီနှစ်ဆူ ပျက်စီး၊အငှားယာဉ်တစ်စီး ကားစက်ဖုံး ပိန်ချိုင့်ပျက်စီးခဲ့ရာစုစုပေါင်း တန်ဖိုးငွေကျပ် ၃၀၈၀၀၀၀ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ ဇူလိုင် ၂၇ ရက် နံနက် ၂ နာရီက မိုးသည်းထန်စွာရွာသွန်းပြီး သံတွဲချောင်းရေမြင့်တက်မှုကြောင့် ရခိုင် ပြည်နယ်  သံတွဲမြို့ အမှတ် ၁၊ ၂၊ ၄ ရပ်ကွက်တို့ရှိလမ်းများအတွင်းသို့ ရေတစ်ပေမှ နှစ်ပေခန့်ထိ ဝင်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။