မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Printer-friendly versionSend by email

မြောက်ဦးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြောက်ဦး ဇူလိုင် ၁၂

မြောက်ဦးမြို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားရာ၌ ကလေးသူငယ်အခွင့်အရေးများအားကူညီကာကွယ်စောင့်ရှောက်ရေး၊ ကလေးများအပေါ်အလွဲသုံးစားမှုများပပျောက်ရေး၊ ကလေးသူငယ်များ၏ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုများ၊ ဥပဒေနှင့် မလွတ်ကင်းသည့် လုပ်ငန်းများအပြင် ကမ္ဘာပေါ်ရှိ ကလေးသူငယ်များ လူကုန်ကူးမှုနှင့် အိမ်တွင်းအကြမ်း ဖက်မှုပပျောက်ရေးတို့ကို ဝိုင်းဝန်းကူညီပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများနှင့် ကလေး သူငယ်စောင့်ရှောက်ရေးလုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စီမံကိန်းမန်နေဂျာက Plan International Myanmar မှ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်း၊ကလေးသူငယ်ဖြစ်ရပ်များနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးခြင်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသူများက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားသည်။

အဆိုပါဆွေးနွေးပွဲသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်၊ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံး၊ စီမံကိန်းမန်နေဂျာ ဒေါ်သီတာကျော်၊ ခရိုင်ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့တွင် ကလေးသူငယ်အခွင့်ရေးများဆိုင်ရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင် ၁၂ ရက် မွန်းလွဲ ၂ နာရီက အဆိုပါအစည်းအဝေးခန်းမ၌ ကျင်းပခဲ့​ကြောင်း သိရသည်။