မောင်တောမြို့နယ်အတွင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများအား ဒုတိယဝန်ကြီးများ ဦးဆောင်သောအဖွဲ့ သွားရောက်ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email

မောင်တောမြို့နယ်အတွင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများအား ဒုတိယဝန်ကြီးများ ဦးဆောင်သောအဖွဲ့ သွားရောက်ကြည့်ရှုစစ်ဆေး

 

မောင်တော ဇူလိုင် ၁၅

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ တွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့ ဦးဆောင်သောအဖွဲ့သည် ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက မောင်တောမြို့သို့ ရောက်ရှိသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီးများ ဦးဆောင်သောအဖွဲ့သည် မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းတောင်သို့ သွားရောက် ပြီး အိမ်ရာများဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း အိမ်ရာများ အမြန်ဆောက်လုပ် ပြီးစီးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

 

ထို့နောက် မောင်တောမြို့နယ်အတွင်း ဂျပန်နိုင်ငံမှ လှူဒါန်းသည့် နေအိမ် အလုံး ၆၀ ဆောက်လုပ်မည့် မြေနေရာ အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် မောင်တောမြို့နယ်ရှိ လောင်းဒုံ-ငါးခူရလမ်းပိုင်း ပြင်ဆင်နေမှု အခြေအနေအား စစ်ဆေးပြီး ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ သွားရောက်ကာ စခန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ငါးခူရပြန်လည် လက်ခံရေးစခန်းမှ လှဖိုးခေါင်ကြားစခန်းသို့ သွားရောက်ကာ နေအိမ်များ တည်ဆောက်မှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Modular House များ ဆောက်လုပ်ပြီးစီးမှုနှင့် စခန်းအတွင်း ကျန်းမာရေးဆေးပေးခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မောင်တောမြို့နယ် လှဖိုးခေါင်-ရွှေဇားလမ်းပိုင်း အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မောင်တောမြို့ပေါ်ရှိမြို့မကျောင်းတိုက်သို့ သွားရောက်ကာ တောင်ပြိုလက်ဝဲ နံ့သာတောင်ပရဟိတကျောင်း၌ စာပေသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအား ဆန်အိတ် ၁၂၀၊ ပဲ ပိဿာ ၆၀၀၊ ဆီ ပိဿာ ၁၅၀၊ ဆား ပိဿာ  ၃၀ ထောက်ပံ့ပေးအပ်ခဲ့သည်။