ရခိုင်ပြည်နယ်ဝန်ကြီးများ ငပလီနှင့် သံတွဲမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

Printer-friendly versionSend by email

ရခိုင်ပြည်နယ်ဝန်ကြီးများ ငပလီနှင့် သံတွဲမြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

 

သံတွဲ ဇူလိုင် ၁၄

 

ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီက ငပလီမြို့ မြပြင်ရပ်ကွက်ရှိ တံတားရေစီးရေလာကောင်းမွန်ရေး၊ လင်းသာရပ်ကွက်ရှိ အများပြည်သူ အပန်းဖြေအနားယူ မြေနေရာကမ်းခြေတွင် ပြည်သူများ အပန်းဖြေနေရာများ ဆောက်လုပ်ရေး၊ ရေချိုးခန်း၊ သန့်စင်ခန်းများ ဆောက်လုပ်ရေး၊ မြေထိန်းနံရံ ဆောက်လုပ်ရေးနှင့် ကမ်းခြေသာယာလှပရေး လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများအဖွဲ့သည် သံတွဲမြို့ ဒွါရာဝတီမြို့မဈေးသို့ ရောက်ရှိပြီး သံတွဲမြို့နယ် စည်ပင်ကော်မတီနှင့် ဈေးသူ ဈေးသားများ ပူးပေါင်းဆောင်ရွက်ထားရှိသည့် ဈေးလမ်းအပေါ်မိုးဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် ဈေးသန့်ရှင်းသာယာလှပရေးဆိုင်ရာများကို ကြည့်ရှုစစ်ဆေးပြီး ရှေ့ဆက်လက် ဆောင်ရွက်ရ မည့်လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းမှာကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ဂွမြို့သို့ မော်တော် ယာဉ်များဖြင့် ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။