တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံသစ် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်

Printer-friendly versionSend by email

တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံသစ် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်

စစ်တွေ ဇူလိုင် ၉

ရခိုင်ပြည်နယ်အဆင့် ၂၀၁၈ -၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းမေးခွန်းပုံစံသစ်အရ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကိုဇူလိုင် ၈ ရက် နံနက် ၉ နာရီက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ စစ်တွေတက္ကသိုလ်တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်၊ ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့် တို့က တက္ကသိုလ်ဝင်တန်း မေးခွန်းပုံစံသစ်အရ ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

“အခုသင်တန်းကို ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ အဆင့်မြင့်ပညာဦးစီးဌာနနဲ့ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာ ဆရာဆရာမတွေကို ဦးစွာပို့ချ ဆွေးနွေးတာဖြစ်ပါတယ်။ ပထမအဆင့် သိထားပြီးမှကလေးတွေကို ထပ်ဆင့်ပို့ချ ရှင်းလင်းရမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးက ဘာသာရပ်တစ်ခုစီက ကျွမ်းကျင်တဲ့ ဆရာဆရာမ ငါးဦးကိုခေါ်ယူကာ တစ်မြို့နယ်ကို ဘာသာရပ် အစုံ ဆရာ ဆရာမ ၃၉ ဦး ခေါ်ပါတယ်။ ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ် အပြင် ပလက်၀မြို့နယ်မှဆရာ ဆရာမတွေလည်း ပါတယ်။ စစ်တွေတက္ကသိုလ်က သက်ဆိုင်ရာ ပါမောက္ခတွေကမေးခွန်းပုံစံသစ်တွေကို ရှင်းလင်းပြီး ဆရာ ဆရာမတွေအနေနဲ့ မေးခွန်း ပုံစံသစ်တွေကို အသေးစိတ်သိရှိသွားပါက မြို့နယ်အဆင့် ဆရာ ဆရာမတွေကို ထပ်ဆင့် သင်ကြားပြီး ကလေးတွေအတွက်မေးခွန်းပုံစံသစ်ကို ပိုမိုသိရှိနားလည်ကျွမ်းကျင်သွား မှာပါ” ဟု ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်က ပြောကြားသည်။

အဆိုပါသင်တန်းကို ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ စစ်တွေတက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်၊ပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့်၊ စစ်တွေတက္ကသိုလ် ပါမောက္ခ/ဌာနမှူးများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ ဆရာမများ တက်ရောက်ကြသည်။