မြေပုံမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ တွေ့ဆုံ

Printer-friendly versionSend by email

မြေပုံမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ တွေ့ဆုံ

မြေပုံ ဇူလိုင် ၈

မြောက်ဦးခရိုင် မြေပုံမြို့၌လွှတ်တော်ကိုယ်စားလှယ်များနှင့် အိုင်အာရ်စီတက်လမ်းစီမံကိန်းဝင် မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာ ၅၂ ရွာမှ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကိစ္စရပ်များကို ဆွေးနွေးရန် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များ တွေ့ဆုံပွဲအခမ်းအနားကိုဇူလိုင် ၈ ရက် နံနက် ၁၁ နာရီခွဲတွင် မြို့နယ်ခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားသို့ မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေသန်း၊ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်ညွန့် နှင့် ဦးလှသိန်းမောင်၊ အိုင်အာရ်စီတက်လမ်းစီမံကိန်းမှ စီမံချက်ဒါရိုက်တာ Marcel Alel Brun ၊ လူထုဖွံ့ဖြိုး ရေးညှိနှိုင်းမှုမန်နေဂျာ ဦးဝင်းနိုင်ဦးနှင့် တာဝန်ခံများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် များ တက်ရောက်ကြပြီး အိုင်အာရ်စီတက်လမ်းစီမံကိန်း၊ စီမံချက်ဒါရိုက်တာက အဖွင့် အမှာစကားပြောကြား၍ လူထုဖွံ့ဖြိုးရေးညှိနှိုင်းမှုမန်နေဂျာက ရည်ရွယ်ချက်နှင့် အကောင် အထည်ဖော်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များက မိမိကျေးရွာရှိပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များကိုတင်ပြဆွေးနွေးကြသည်။ ထို့နောက် သက်ဆိုင်ရာ မြို့နယ်၏လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူများ၏လိုအပ်ချက်များကို သက်ဆိုင်သည့်ဌာနဆိုင်ရာ အသီးသီးတို့နှင့်ပေါင်းစပ်ညှိနှိုင်းကာ လွှတ်တော်ရန်ပုံငွေ၊ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေနှင့် ပြည်ထောင်စုရန်ပုံငွေတို့ဖြင့်ပြန်လည်ဖြည့်ဆည်းပေးနိုင်ရန် စီစဉ်တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။