သစ်တောဦးစီးဌာနနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့ ပူးပေါင်း၍ ဒီရေတောသစ်မျိုး သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

Printer-friendly versionSend by email

သစ်တောဦးစီးဌာနနှင့် ဒိန်းမတ်နိုင်ငံသံရုံးတို့ ပူးပေါင်း၍ ဒီရေတောသစ်မျိုး သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ကျောက်ဖြူ ဇူလိုင် ၇

ပင်လယ်ကမ်းရိုးတန်းနေ ပြည်သူလူထုက ရာသီဥတု ပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေရပ်တည်နိုင်ရန်အတွက် သစ်တောဦးစီးဌာန ႏွင့် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံရုံးတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သည့် “ပင်လယ်ကမ်းရိုးတန်းနေ ပြည်သူလူထုက ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေရပ်တည်နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းစီမံကိန်း” မှကျင်းပသည့် ဒီရေတောသစ်မျိုး သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ရမ်းဗြဲမြို့နယ် ပိန္နဲတောင်ခြေ မင်းကြောင်းတံတားအနီး မင်းကြောင်း တိုးချဲ့ကြိုးပြင်ကာကွယ်တော၌ ယနေ့ နံနက် ၉ နာရီတွင်ကျင်းပခဲ့သည်။

အခမ်းအနားကို အဆိုပါစီမံကိန်း၏Adviser ဖြစ်သူ Mr. Andres Faaborg Poulsen နှင့် ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ပြည်နယ်သစ်တောဦးစီးဌာနဦးစီးမှူး ဦးအောင်ဝင်းထွန်း၊ ကျောက်ဖြူခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးသန်းအောင်၊ ရမ်းဗြဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှ အောင်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၃၀၀ တက်ရောက်ခဲ့ကြပြီး သမက်ခပြာပင်၊ကန်မလာ(ခ)ပြားဇီး၊ ဗြူးအုပ်ဆောင်း(ခ)တုပ်ပင်၊ဗြူးခြေထောက်အဖို၊ ဗြူးခြေထောက်အမ စသောဒီရေတောသစ်မျိုး အပင် ၁၂၀၀ စိုက်ပျိုးခဲ့ကြကြောင်းသိရ သည်။