ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအား အမေရိကန်ဧည့်အဖွဲ့ လာရောက်တွေ့ဆုံ

Printer-friendly versionSend by email

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအား အမေရိကန်ဧည့်အဖွဲ့ လာရောက်တွေ့ဆုံ

စစ်တွေ ဇူလိုင် ၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား အမေရိကန်နိုင်ငံ Senate AppropriationsCommittee မှ Professional Staff Member Mr.Paul Grove နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ Senior Congressional Advisor Mr.Paul Rademacherနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ယနေ့ညနေ ၄ နာရီခွဲတွင် လာရောက်တွေ့ဆုံသည်။

Senate Appropriations Committee မှ Professional Staff Member Mr. Paul Grove နှင့်အဖွဲ့က ယခုကဲ့သို့ ကိုယ်တိုင်လာရောက်ခဲ့ခြင်းမှာ ရခိုင်ပြည်နယ်၏ မျက်မြင် အခြေအနေကို မျက်မြင်သိရှိနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍မေးမြန်း ရာ ဝန်ကြီးချုပ်က ပြန်လည်လက်ခံရေးစခန်းဖွင့်လှစ်ပြီး ဆောင်ရွက်ထားမှု၊ လက်ခံရေးစခန်းမှကြားစခန်း သို့ပို့ဆောင်ပြီး ၎င်းတို့၏ မူလနေရပ်နှင့်အနီးစပ်ဆုံး စခန်းများ၊ ၎င်းတို့နေထိုင်လိုသည့် စခန်းများသို့ပို့ဆောင်ပြီးအိမ်ရာများစီစဉ်ဆောင်ရွက်ပေးထားမှု၊ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ဟောင်းဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်အဖွဲ့က အကြံပြုထား သည့်အချက်များအပေါ်တွင် ဆောင်ရွက်ပေးနေမှုများ၊UNHCR , UNISCO  အဖွဲ့များ နှင့် ရှေ့ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပေါ်တွင် MoU ရေးထိုးပြီးဆောင်ရွက် သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး အသိုက်အဝန်းများကြားတွင်ပြန်လည်ရင်ကြားစေ့ရေး၊ ယုံကြည်မှုတည် ဆောက်ရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အလွန်သိမ်မွေ့နက်နဲသည့် ကိစ္စများဖြစ်၍ အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ရခိုင်ပြည်နယ်တွင်လူနည်းစုတိုင်းရင်းသားများ ဖြစ်သည့်မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မရာမာကြီး စသည့် အသိုက်အဝန်းများလည်း သမိုင်းကြောင်းနှင့်ချီ၍ နေထိုင်လျက်ရှိကြောင်းကို နားလည်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်း များလုပ်ကိုင်ရာတွင် ကိန်းဂဏန်းအချက်အလက်များ တိကျသေချာရန် လိုအပ် ကြောင်း သို့မှသာ ပြန်လည်ရင်ကြားစေ့ရေး၊ ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများ အောင်မြင် မည်ဖြစ်ကြောင်း ပြောကြားသည်။