ရမ်းဗြဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

Printer-friendly versionSend by email

ရမ်းဗြဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

စစ်တွေ ဇူလိုင် ၄

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရမ်းဗြဲမြို့နယ်ရုံးမှ ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၃ ရက် နံနက် ၉ နာရီတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်း က အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုနှင့် သင်တန်းမှရရှိသော ပညာများဖြင့်လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်နေမှုတို့ကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါသင်တန်းကို ဇွန် ၄ ရက်မှ ဇူလိုင် ၃ ရက်အထိက ဘာသာရပ်ခုနစ်မျိုးအား တစ်လကြာ သင်ကြားပို့ချခဲ့ပြီး ကျေးရွာခြောက်ရွာမှ သင်တန်းသား သင်တန်းသူ၂၅ ဦး တက်ရောက်သင်ကြား ခဲ့ကြကြောင်း သိရသည်။