မောင်တောမြို့နယ် ပညာရေးဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေးပွဲ ကျင်းပ

Printer-friendly versionSend by email

မောင်တောမြို့နယ် ပညာရေးဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေးပွဲ ကျင်းပ

မောင်တော ဇူလိုင် ၂

မောင်တောမြို့နယ်၌ ပညာရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆွေးနွေးပွဲစကားဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီတွင် အထက(၁)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို Development Media Group(DMG) နှင့် မောင်တောမြို့နယ်ပညာရေးမှူးတို့က ကြီးမှူးကျင်းပခဲ့ရာ ခရိုင်ပညာရေးမှူး ဦးခင်အောင်က ပညာရေးဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် ဆွေးနွေးခဲ့သည်။ ထို့နောက် DMGမှ အယ်ဒီတာချုပ်နှင့် အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးကမီဒီယာလုပ်ဆောင်မှုများ၊ ပညာရေးဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ချက်များကို မီဒီယာမှတစ်ဆင့် ထောက်ပြဆွေးနွေးစေလို ကြောင်းပြောကြားသည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်နုကတက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း မြင့်မားလာစေရန်ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ မှာ အဓိကကဏ္ဍတစ်ရပ် အဖြစ် ပါဝင်နေကြောင်း ပြောကြားသည်။ ရပ်မိရပ်ဖဆရာ မောင်အုန်းကြည်က နယ်မြေဒေသလုံခြုံရေးကလည်း အရေးကြီးကြောင်းပြောကြားခဲ့ပြီး အထက(၁) အထက်တန်းကျောင်းသူ မဆောင်းနှင်းပိုင်က ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါဆွေးနွေးပွဲစကားဝိုင်းတွင် ရပ်မိရပ်ဖ ဦးအောင်ကျော်ညွန့်က တာဝန်ကျ ဆရာ ဆရာမများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရန်နှင့် လုံခြုံမှုအခြေအနေများကို ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူ အသီးသီးကလိုအပ်သည်များ ဆက်လက်ဆွေးနွေးကြကာ ညနေ ၄ နာရီတွင်ပြီးဆုံးခဲ့ကြောင်း သိရသည်။