ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား UNDP မှ Country Director နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

Printer-friendly versionSend by email

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား UNDP မှ Country Director နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

စစ်တွေ ဇူလိုင် ၂

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ဒုတိယဥက္ကဋ္ဌ ဦးမြသန်းတို့အား UNDP မှ Country Director Mr. Peter Batchelor နှင့်အဖွဲ့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် ရခိုင်ပြည်နယ် လွှတ်တော်ရုံးသို့ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံရာတွင် UNDP အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့်ပတ်သက်ပြီး လေ့ လာဆန်းစစ်မှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ပြန်လည် လက်ခံရေးဆိုင်ရာနှင့် ပြန်လည်နေရာချထားရေးကိစ္စရပ်များတွင် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပြီး လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ကာ လိုအပ်ချက်များဖြည့်ဆည်းကူညီပေးမည့်အခြေအနေများနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် စစ်တွေမြို့နယ်အတွင်း ဂျပန်နိုင်ငံမှ ထောက်ပံ့သောငွေဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်းလင်း တင်ပြရာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လိုအပ်ချက်များကို အကြံပြုပြောကြားခဲ့ကြောင်း သိရ သည်။