မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်

Printer-friendly versionSend by email

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ လုံခြုံ ရေးတပ်ဖွဲ့ဝင်များသည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိနယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်ခြင်းနှင့် နတ်မြစ်အတွင်း ရေကြောင်းကင်းလှည့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၂၄ ရက်တွင် နယ်ခြားမှတ်တိုင် ၃၉ မှ ၄၀ အထိ နှင့် နယ်ခြားမှတ်တိုင်၄၈ မှ ၄၉ အထိလည်းကောင်း၊ ဇွန် ၂၅ ရက်တွင် နယ်ခြား မှတ်တိုင် ၄၉ မှ ၅၀ အထိ လည်းကောင်း၊ ဇွန် ၂၆ရက်တွင် နယ်ခြားမှတ်တိုင် ၄၀ မှ ၄၁ အထိနှင့် နယ်ခြားမှတ်တိုင် ၅၀ မှ ၅၁ အထိ လည်းကောင်း၊ ဇွန် ၂၇ ရက်တွင် နယ်ခြားမှတ်တိုင် ၅၁ မှ ၅၁-၅ အထိလည်းကောင်း၊ ဇွန် ၃၀ ရက်တွင် နယ်ခြားမှတ်တိုင် ၄၂-၁-၂ မှ ၄၂ အထိနှင့် နယ်ခြားမှတ်တိုင် ၅၃ မှ ၅၄ အထိ လည်းကောင်း မြေပြင်လှည့်ကင်းဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နတ်မြစ်အတွင်း ရေကြောင်း ကင်းလှည့် ခြင်းကို ဇွန် ၂၂ ရက်တွင် တစ်ကြိမ်၊ ဇွန် ၂၇ ရက်တွင် တစ်ကြိမ်နှင့် ဇွန် ၃၀ ရက်တွင် တစ်ကြိမ် ဆောင်ရွက်ခဲ့သည်။

ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၄ ကြိမ်၊ မတ်လတွင် ခုနစ်ကြိမ်၊ မေလတွင် ၁၆ ကြိမ်၊ ဇွန်လတွင် ၁၈ ကြိမ် စုစုပေါင်း ၅၅ ကြိမ်နှင့် ရေကြောင်းကင်းလှည့်ခြင်းကိုလည်း နတ်မြစ်ကြောင်း အတိုင်း စုစုပေါင်း ရှစ်ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။