ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မောင်တော​ဒေသအတွင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များနှင့်တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှု

Printer-friendly versionSend by email

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မောင်တော​ဒေသအတွင်းဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များနှင့်တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှု

စစ်တွေ ဇွန် ၁၈

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. ChristineSchraner Burgenerနှင့်အဖွဲ့သည်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဇွန် ၁၇ ရက်နံနက်ပိုင်းက စစ်တွေမြို့သို့ ရောက်ရှိရာ ဆောက်လုပ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်လင်း၊ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်တို့ကကြိုဆို နှုတ်ဆက်ကြသည်။

ယင်းနောက် ကုလသမဂ္ဂဆိုင်ရာအထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် OCHA ရုံးသို့ သွားရောက်ပြီး OCHA နှင့် INGOs အဖွဲ့များမှတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများအားတွေ့ဆုံပြီး ရခိုင်ပြည်နယ်၏ လတ်တလောအခြေအနေများ၊ လက်ရှိ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့နှင့်အတူ ရဟတ်ယာဉ်ဖြင့် မြေပုံမြို့သို့ သွားရောက်ပြီး တောင်ပေါ်ရပ်ကွက်ရှိ IDP Camp တွင်နေထိုင်ကြသူများနှင့် တွေ့ဆုံသည်။ ထိုမှတစ်ဆင့် စစ်တွေမြို့ သက္ကယ်ပြင်ကျေးရွာသို့ သွားရောက်ကာ IDP Campတွင် နေထိုင်ကြသည့် မိသားစုဝင်များနှင့်တွေ့ဆုံပြီးကျေးရွာအတွင်း လှည့်လည် ကြည့်ရှုသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင်ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရဟတ်ယာဉ်ဖြင့် တောင်ပြိုလက်ဝဲမြို့သို့ ရောက်ရှိပြီးနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်တံတားသို့ သွားရောက်ကြည့်ရှုကာ ပြန်လည်လက်ခံရေးစခန်းတွင် ဝန်ကြီးဌာနများက ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကိုကြည့်ရှုလေ့လာကြသည်။ ယင်းနောက် နှစ်နိုင်ငံနယ်နိမိတ်မျဉ်းသို့ သွားရောက်ကာ နယ်နိမိတ်မျဉ်းအနီး နေထိုင်ကြသူများအား တွေ့ဆုံ၍သိရှိလိုသည်များကို မေးမြန်းကြသည်။

ထို့နောက် ကြိမ်ချောင်းကျေးရွာ ရှင်းလင်းဆောင်တွင်၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များတွင်အိမ်ရာဆုံးရှုံးခဲ့ရသည့် မိသားစုဝင်များအတွက် အိမ်ရာများဆောက်လုပ်ပေးမည့် အစီအစဉ်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး ဆောက်လုပ်ပြီးစီးသည့် အဆောက်အအုံများကို လှည့်လည်ကြည့်ရှုကြသည်။ ယင်းနောက် လှဖိုးခေါင်ယာယီစခန်းကို ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ဖြစ်စဉ်များအတွင်း အသက်ဆုံးရှုံးခဲ့ရသည့်အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၊ မြိုတိုင်းရင်းသား မိသားစုဝင်များ နှင့်တွေ့ဆုံပြီး သိလိုသည်များကို မေးမြန်းကာ အားပေးစကား ပြောကြားသည်။

ယင်းနောက် ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိကာအကြမ်းဖက်ဖြစ်စဉ်များအတွင်း နေရပ်စွန့်ခွာမပြေးဘဲကျန်ရှိနေခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဆောက်လုပ်ပေးထားသည့် အဆောက်အအုံများတွင်နေထိုင်လျက်ရှိသည့် မိသားစုဝင်များအား တွေ့ဆုံကာအဆောက်အအုံများအတွင်း ဝင်ရောက်ကြည့်ရှုလေ့လာကြသည်။

ညနေပိုင်းတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် စစ်တွေလေဆိပ်သို့ ပြန်လည်ရောက်ရှိပြီး စစ်တွေ လေဆိပ်မှဆစ်ဆင့် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြသည်။