ဘူးသီးတောင်မြို့နယ်၌ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ပြုလုပ်

Printer-friendly versionSend by email

ဘူးသီးတောင်မြို့နယ်၌ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ပြုလုပ်

ဘူးသီးတောင် ဇွန် ၁၇

ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးမိုးအောင်၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီးဘူးသီးတောင်မြို့နယ်အတွင်းရှိ သဘာ၀ဘေးအန္တရာယ် ဆိုင်ရာကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်၊ ကျေးရွာနေပြည်သူ များအား သဘာ၀ ဘေးအန္တရာယ်နှင့် ပတ်သက်သည့်အသိပညာရပ်များကို သိရှိနားလည်နိုင်ရေးအတွက် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်သရုပ်ပြ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘူးသီးတောင်မြို့နယ် “ပန်းစပယ်”ဆိပ်ကမ်း ပန်ဇင်းချောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထွန်း၊မီးသတ်ဦးစီးမှူး ဦးစိုးမိုးအောင်နှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးမှူးဦးစိုးမိုးအောင်က ဖွင့်လှစ်ပြီး ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြပွဲကို ပန်ဇင်းချောင်းအတွင်း အမြန်ရေယာဉ်သုံးစင်း ဖြင့်မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဦးတို့က ဘေးအန္တရာယ်ကြောင့် တိမ်းမှောက်ခဲ့သည့်လှေအား ရှာဖွေကယ်ဆယ်ခဲ့ကြရာလူနာသုံးဦးတို့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေးဦးသူနာ ပြုစုခြင်းဆိုင်ရာများဖြင့် ကုသခဲ့ကြပြီး လူနာများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနသို့ ပို့ဆောင်ပေးခဲ့ကြောင်း သရုပ်ပြသ ခဲ့ကြသည်။

သရုပ်ပြပွဲသို့ မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ အနောက်တံခါး လူမှုကူညီရေးအသင်း (WDAB) မှ လေးဦး၊ကြက်ခြေနီတပ်ဖွဲ့ဝင် ခြောက်ဦးတို့ဖြင့် သရုပ်ဖော်ပြသခဲ့ကြောင်း သိရသည်။