ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နှင့် ဧရာ၀တီတိုင်းဒေသကြီးတို့ မောင်တောမြို့နယ် သစ်တုံး နားခွဆုံကျေးရွာ၌ နေအိမ်များပေးအပ်ပွဲနှင့် ကျေးရွာတွင်းလမ်းဖွင့်ပွဲ တက်ရောက်

Printer-friendly versionSend by email

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နှင့် ဧရာ၀တီတိုင်းဒေသကြီးတို့ မောင်တောမြို့နယ် သစ်တုံး နားခွဆုံကျေးရွာ၌ နေအိမ်များပေးအပ်ပွဲနှင့် ကျေးရွာတွင်းလမ်းဖွင့်ပွဲ တက်ရောက်

မောင်တော ဇွန် ၁၇

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တို့သည် ဇွန် ၁၆ ရက် မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် သစ်တုံးနားခွဆုံကျေးရွာ၌ ကျင်းပသည့်မြိုတိုင်းရင်းသားများအတွက် နေအိမ်များနှင့် ကျေးရွာတွင်း လမ်းသစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ကြသည်။

ရှင်းလင်းပြောကြား

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်စကားပြောကြားပြီး ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ်က နေအိမ်နှင့်လမ်းများ ဆောက်လုပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ယင်းနောက် ကျေးရွာမှ ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

၄၁၆၇ ဒသမ ၆ သိန်း

သစ်တုံးနားခွဆုံကျေးရွာမှ မြိုတိုင်းရင်းသားများအတွက် လှူဒါန်းခဲ့သည့် နေအိမ် ၄၄ လုံး၊ လမ်းနှင့်လက်နှိပ်ရေတုံကင်များကို ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လုပ်သားပြည်သူများ၏ ထည့်ဝင်ငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းတန်ဖိုး ငွေကျပ် ၄၁၆၇ ဒသမ ၆ သိန်းဖိုး လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြိုတိုင်းရင်းသားများနှင့် အမှတ်တရဓာတ်ပုံရိုက်ကြသည်။