ပြည်တွင်းသတင်းမီဒီယာအဖွဲ့များ မောင်တောဒေသ၌ ရောက်ရှိသတင်းယူ

Printer-friendly versionSend by email

ပြည်တွင်းသတင်းမီဒီယာအဖွဲ့များ မောင်တောဒေသ၌ ရောက်ရှိသတင်းယူ

မောင်တော ဇွန် ၁၄

ရခိုင်ပြည်နယ် မောင်တောဒေသသို့ သတင်းသွားရောက်ရယူကြမည့်ပြည်တွင်းသတင်း မီဒီယာအဖွဲ့သည် ယနေ့နံနက်ပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ စစ်တွေလေဆိပ်သို့နံနက် ၈ နာရီခွဲခန့်တွင် ရောက်ရှိကြသည်။

ပြည်တွင်းသတင်းမီဒီယာအဖွဲ့သည် စစ်တွေရေချမ်းပြင်ဆိပ်ကမ်းမှအငူမော်သို့ စက်လှေ ဖြင့် ဆက်လက်ထွက်ခွာလာပြီး မောင်တောမြို့နယ် အင်းဒင်ကျေးရွာသို့ ရောက်ရှိကာ ဒေသခံရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံသည်။

ထို့နောက် ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်၊ လက်ရှိနေထိုင်စားသောက်နေရမှု၊ ယခင်က နှစ်ဖက် အသိုက်အဝန်းနှစ်ခုအကြား အေးချမ်းစွာနေထိုင်ခဲ့ကြမှုအခြေအနေတို့ကို မေးမြန်းသတင်းရယူကြသည်။

ထို့နောက် သတင်းမီဒီယာအဖွဲ့သည် ကိုင်းကြီး(မြို)ကျေးရွာသစ်သို့ရောက်ရှိပြီး မြိုတိုင်း ရင်းသားများနှင့်တွေ့ဆုံကာ နယ်မြေတည်ငြိမ်အေးချမ်းမှုအခြေအနေနှင့် လက်ရှိနေထိုင် စားသောက်နေရမှုအခြေအနေကို မေးမြန်းကြသည်။

ဆက်လက်၍ သတင်းမီဒီယာအဖွဲ့သည် မောင်တောမြို့နယ်ရှိ ငါးခူရပြန်လည်လက်ခံရေး စခန်းသို့ ရောက်ရှိပြီး လှေစီးဒုက္ခသည်များနှင့် တွေ့ဆုံကာပင်လယ်ပြင်အတွင်းကြုံတွေ့ခဲ့ ရသည်များကို မေးမြန်းသတင်းရယူကြသည်။

ထို့နောက် သတင်းမီဒီယာအဖွဲ့သည် ကြက်ရိုးပြင်ကျေးရွာသို့ သွားရောက်ပြီး အစ္စလာမ် ဘာသာဝင်များနှင့်တွေ့ဆုံ၍ နယ်မြေတည်ငြိမ်အေးချမ်းမှုအခြေအနေများကို မေးမြန်း သတင်းရယူ သည်။

ယနေ့ မောင်တောဒေသသို့ သတင်းရယူကြသည့်အဖွဲ့တွင် VOA၊ MIZZIMA၊ ဧရာ၀တီသတင်းဌာန၊ MRTV၊ MITV နှင့် MNA တို့မှ သတင်းသမားများပါရှိသည်။