လှေစီးဒုက္ခသည်များအား ငါးခူရပြန်လည်လက်ခံရေးစခန်းတွင် ဥပဒေနှင့်အညီ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

Printer-friendly versionSend by email

လှေစီးဒုက္ခသည်များအား ငါးခူရပြန်လည်လက်ခံရေးစခန်းတွင် ဥပဒေနှင့်အညီ စိစစ်ခြင်းလုပ်ငန်း များ ဆောင်ရွက်

မောင်တော ဇွန် ၁၃

မောင်တောမြို့တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ရောက်ရှိပြီးစခန်းတွင် ခေတ္တထိန်းသိမ်းစောင့်ရှောက်ထားသော လှေစီးဒုက္ခသည်များကို တွေ့ဆုံ၍ ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေ မှုကို ကြည့်ရှုပြီး စခန်းရှိ ကြီးကြပ်ရေးအဖွဲ့များနှင့်လုပ်ငန်းများ အဆင်ပြေစေရန် ပေါင်းစပ်ညှိနှိုင်း ပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့(Red Cross Movement)တို့ ပူးပေါင်း၍ လှေစီးဒုက္ခသည်များအားတစ်ကိုယ်ရေသုံးပစ္စည်း ၁၁ မျိုးနှင့် ဒန်အိုး၊ ဒန်ခွက်များ၊ ဖျာ၊ စောင်၊ ခြင်ထောင်၊ ကျား၊ မ ဝတ် လုံချည်နှင့် ကလေးဝတ်အင်္ကျီများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် စခန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်ခြောက်သိန်းအား စခန်းတာဝန်ခံထံ ထောက်ပံ့ပေးအပ်၍ အားပေးစကား ပြောကြားခဲ့ပြီး ညနေပိုင်းတွင် မောင်တောမြို့သို့ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။