G-7 ထိပ်သီးအစည်းအဝေးက မြန်မာနိုင်ငံ၏ ကတိကဝတ်ပြုမှုများကို ကြိုဆိုခဲ့

Printer-friendly versionSend by email

G-7 ထိပ်သီးအစည်းအဝေးက  မြန်မာနိုင်ငံ၏ ကတိကဝတ်ပြုမှုများကို ကြိုဆိုခဲ့

နေပြည်တော် ဇွန် ၁၁

ကနေဒါနိုင်ငံ ကွိဘက်ပြည်နယ် La Malbaie မြို့၌ ဇွန် ၈ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သည့် G-7 ထိပ်သီးအစည်းအဝေးမှ ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ အဆိုပါ ကြေညာချက်တွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရမှ မကြာ သေးမီက ပြုလုပ်ခဲ့သည့် ကတိကဝတ်ပြုမှုများအပေါ် ကြိုဆိုကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ ကြေညာချက်တွင် မြန်မာနိုင်ငံမှ မကြာမီက ထုတ်ပြန်ခဲ့သည့်ကတိကဝတ် များအား ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းအောင်မြင်မှု ရရှိစေရေးအတွက် ကြိုးပမ်းမှုများကို ညှိနှိုင်းဆောင်ရွက်ပေးသွားကြရန် G-7  နိုင်ငံ ခေါင်းဆောင်များအနေဖြင့် ကတိပြုကြောင်း၊ အထူးသဖြင့်လက်ရှိပေါ်ပေါက်နေသော နေရပ်စွန့်ခွာသွားသူများကိစ္စတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများအား လွယ်ကူအဆင်ပြေချောမွေ့စွာပေးအပ်နိုင်ရေးနှင့် ၎င်းတို့ဆန္ဒအလျောက် သိက္ခာရှိရှိ ဘေးအန္တရာယ်ကင်းစွာဖြင့်ပြန်လည်ဝင်ရောက်နိုင်ရေးအတွက်ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်းဖော်ပြခဲ့သည်။

လက်မှတ်ရေးထိုးခဲ့

နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သဘောတူညီချက်ကိုအကောင်အထည်ဖော်ရန် မြန်မာ အစိုးရ၏ ­ကြိုးပမ်းဆောင်ရွက်မှုများတွင်အထောက်အကူပြုနိုင်ရေးအတွက် ဇွန် ၆ ရက် က မြန်မာအစိုးရ နှင့် UNHCR ၊ UNDP တို့အကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့သည်။

ခေါင်းဆောင်များက ကြိုဆို

ထို့အပြင် မေ ၃၁ ရက်ကလည်း ရခိုင်ပြည်နယ်အတွင်း ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ရာတွင် အမျိုးသားအစီအစဉ် တစ်ရပ်အနေဖြင့် မြန်မာအစိုးရသည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းသွားရန် ဆုံးဖြတ်ကြောင်းကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ယင်း ကတိကဝတ်များကို G-7 နိုင်ငံခေါင်းဆောင်များက ကြိုဆိုခဲ့ခြင်း ဖြစ်သည်။

ထုတ်ပြန်ကြေညာ

မြန်မာအစိုးရ၏ အဆိုပါ­ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ကုလသမဂ္ဂနှင့် အမေရိကန် နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံတို့ အပါအဝင်နိုင်ငံများကလည်း ကြိုဆို ကြောင်း ထုတ်ပြန်ကြေညာခဲ့ကြသည်။