အမ်းမြို့၌ တောင်ကျရေတိုက်စားမှုကြောင့် ကားလမ်းပြိုကျပျက်စီး

Printer-friendly versionSend by email

အမ်းမြို့၌ တောင်ကျရေတိုက်စားမှုကြောင့် ကားလမ်းပြိုကျပျက်စီး

အမ်း ဇွန် ၁၁

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ်၌ ဇွန် ၈ရက်မှ ၁၁ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်တောင်ကျရေများစီးဆင်းပြီး ရေတိုက်စားခဲ့ရာ ကားလမ်းပြိုကျပျက်စီး ၍ မြေနိမ့်ကားလမ်းနေရာများတွင်ရေကျော်နစ်မြုပ်ပြီး မော်တော်ယာဉ်များ ဖြတ်သန်း သွားလာမှု ခေတ္တရပ်တန့်လျက်ရှိသည်။

အမ်းမြို့နယ် မဲလက်မောင်းကျေးရွာအုပ်စုမဲလက်မောင်းကျေးရွာနှင့် ကံ့ကော်မြိုင် ကျေးရွာကြား ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင် (၁၇/၃)နှင့် (၁၇/၅)ကြား ကားလမ်း ပေါ်၌ အမြင့် လေးပေ၊ အကျယ် ပေ၂၀၀ ခန့် ကားလမ်းရေကျော်လျက်ရှိပြီး မွှားကျေးရွာအုပ်စု ပဒဲကြောကျေးရွာအနီး အမ်း-မအီကားလမ်းမိုင်တိုင် (၂၂/၆)ကြား တောင်ကျရေများ စီးဆင်းပြီးရေတိုက်စားမှုကြောင့် ကားလမ်းမှာ ပေ ၂၀ ခန့်ကျိုးပဲ့ ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်သွားလာမှုများပြတ်တောက်လျက်ရှိသည်။ ယာယီဘေလီ တံတားဆောက်လုပ်နိုင်ရန်အတွက် ကားလမ်းပြိုကျသည့်နေရာသို့ ဆောက်လုပ်ရေး ပစ္စည်းများ ရောက်ရှိပြီးဖြစ်သော်လည်းတံတားတည်ဆောက်ရန် အချိန် နှစ်ရက်ခန့် ကြာမည်ဖြစ်ရာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ် ဦးဆောင်၍လမ်းအထူးအဖွဲ့(၁၆)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများပူးပေါင်း၍မော်တော်ယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။