စစ်တွေ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

Printer-friendly versionSend by email

စစ်တွေ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

စစ်တွေ ဇွန် ၁၁

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၂၁)ကြိမ်မြောက် တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကိုယနေ့နံနက် ၈ နာရီက စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ကျင်းပသည်။

ပြိုင်ပွဲတွင် တက္ကသိုလ်အဆင့် ပြည်နယ်တစ်ခွင်၊“ကင်းစင်မူးယစ်၊ တိုက်ဖျက်ပစ်” ခေါင်းစဉ်ဖြင့် စစ်တွေတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၃၄ ဦး နှင့် စစ်တွေသူနာပြုသင်တန်းကျောင်းမှ သင်တန်းသားသင်တန်းသူ ၁၇ ဦး၊ အထက်တန်း အဆင့်တွင် “ အနာဂတ်ပန်းများပွင့်လင်းဖို့ မူးယစ်ဆေးဝါးတိုက်ဖျက်စို့” ခေါင်းစဉ်ဖြင့် ကျောင်းသား ကျောင်းသူ ၃၅ ဦး၊ အလယ်တန်းအဆင့်တွင် “လူငယ်ဘ၀တိုးတက်ဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့”ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူ ၂၅ ဦးနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ၁၂ ဦးစုစုပေါင်း ၁၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရကျောင်းသားကျောင်းသူများအား ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ် တိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ပြိုင်ပွဲသို့ ရခိုင်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးကျောက်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်း၊ အမှတ် (၄)လုံခြုံရေးကွပ်ကဲရေးမှူး ရဲမှူးချုပ်မြဝင်း၊ ရခိုင်ပြည်နယ်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုး၊ အမှတ်(၃) မူးယစ်တပ်ဖွဲ့ ခွဲမှူး ဒုတိယရဲမှူးကြီးညွန့်လွင်၊ စစ်တွေတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (ပါမောက္ခချုပ်တာဝန်)ဒေါက်တာဝင်းနိုင်၊ စစ်တွေကွန်ပျူတာတက္ကသိုလ်ကျောင်းအုပ်ကြီး ဒေါက်တာဇော်ထွန်း၊ ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။