ပင်လယ်ကမ်းစပ်၌ လူ ၁၀၄ ဦးနှင့် စက်လှေတစ်စင်း တွေ့ရှိ

Printer-friendly versionSend by email

ပင်လယ်ကမ်းစပ်၌ လူ ၁၀၄ ဦးနှင့် စက်လှေတစ်စင်း တွေ့ရှိ

နေပြည်တော် ဇွန် ၁၁

ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရသေ့တောင်မြို့နယ် အောင်ဗလချောင်း၀ အငူမော်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအကြား ပင်လယ်ကမ်းစပ်တွင် စက်လှေတစ်စင်းနှင့် လူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ က သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ ယနေ့နံနက် ၁၁ နာရီ မိနစ်၂၀ ခန့်တွင် သာစည်ကျေးရွာအနီး ပင်လယ်ကမ်းစပ်၌ စက်လှေ အလျား ပေ ၄၀၊ အနံပေ ၂၀၊ ဇောက် အနက် ခြောက်ပေရှိ ဝမ်းဗိုက်ထက်ခြမ်းကွဲ ပျက်စီးနေသောစက်လှေတစ်စင်းနှင့် အမျိုးသား ၄၄ ဦး၊ အမျိုးသမီး ၆၀ စုစုပေါင်း ၁၀၄ ဦးတို့အား စိစစ်တွေ့ရှိရသည်။

အဆိုပါ ဘဂၤလီ ၁၀၄ ဦးအား လုံခြုံရေးတပ်ဖွဲ့ဝင်များကမော်တော်ယာဉ် လေးစီးဖြင့် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ပေးခဲ့ရာ ညနေ ၅ နာရီ ၃၅ မိနစ်တွင် ရောက်ရှိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိစစ်မှုများ ပြုလုပ်လျက်ရှိသည်။

၂၀၁၅ ခုနှစ် မေ ၂၁ ရက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ အနီး ပင်လယ်ပြင်တွင် လှေစီးဒုက္ခသည် ဘဂၤလီ ၂၂၈ ဦးတွေ့ရှိခဲ့သဖြင့် စိစစ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဘဂၤလီ ၂၀၈ ဦး ပါဝင်နေကြောင်းတွေ့ရှိရသဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ကာဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၁၅ ခုနှစ် မေ ၂၉ ရက်ကလည်း ဧရာ၀တီတိုင်းဒေသကြီးဖျာပုံမြို့ အရှေ့တောင်ဘက် ပင်လယ်ပြင်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေစီးဒုက္ခသည် ဘဂၤလီ ၇၃၄ ဦး တွေ့ရှိခဲ့ရသဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ကာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ စနစ်တကျ လွှဲပြောင်းပေးခဲ့ကြောင်းသတင်းရရှိသည်။