မြေပုံမြို့တောင်ပေါ် ဘင်္ဂါလီစခန်း၌ နိုင်ငံသားသက်သေခံကတ်ပြားများ ထုတ်ပေး

Printer-friendly versionSend by email

မြေပုံ ဇွန် ၇

မြေပုံမြို့ တောင်ပေါ်ရပ်ကွက် ဘင်္ဂါလီ IDPစခန်းတွင် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား (NVC) ထုတ်ပေးခြင်းလုပ်ငန်းကို ဇွန် ၇ ရက် နံနက်ပိုင်းက ဘင်္ဂါလီ IDP ကယ်ဆယ်ရေး စခန်း ရှင်းလင်းဆောင်၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြောက်ဦးခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သိန်း ဦးဆောင်ပြီး မြို့နယ် ဦးစီးမှူး ဦးသိန်းမောင်နှင့်ဝန်ထမ်းများက ယာယီသက်သေခံကတ်ပြားအပ်နှံသူများကို နိုင်ငံသား စိစစ်ခံရမည့် သူ၏ သက်သေခံကတ်ပြားထုတ်ပေးရေးလုပ်ငန်းဆောင်ရွက်သည်။

 

အဆိုပါတောင်ပေါ် ဘင်္ဂါလီ IDP စခန်း၌ ယနေ့တွင် ယာယီသက်သေခံ ကတ်ပြား အပ်နှံပြီးသူများအား နိုင်ငံသားစိစစ်ခံရမည်သူ၏ သက်သေခံ ကတ်ပြားထုတ်ပေးရန် စိစစ်ပြီးစီးမှု မှာ အမျိုးသား ၅၇ ဦး၊ အမျိုးသမီး ၆၉ ဦး စုစုပေါင်း ၁၂၆ ဦးဖြစ်သည်။ နိုင်ငံသား စိစစ်ခံရမည ့်သူ၏ သက်သေခံကတ် ပြားထုတ်ပေးခြင်းလုပ်ငန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ကျန်ရှိသည့် ဘင်္ဂါလီများကိုလည်း ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။