“တိုင်ကြားပေးပို့လာသော မူးယစ်သတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိမှုများ ထုတ်ပြန်ခြင်း” သတင်းထုတ်ပြန်ချက်အမှတ်၊ ၇/၂၀၁၈

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက်အမှတ်၊ ၇/၂၀၁၈

၁၃၈၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၃ ရက်

(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)

“တိုင်ကြားပေးပို့လာသော မူးယစ်သတင်းများနှင့် စပ်လျဉ်း၍ ထပ်မံဖော်ထုတ်ရရှိမှုများ ထုတ်ပြန်ခြင်း”

၁။       မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးအန္တရာယ် တားဆီးကာကွယ် နှိမ်နင်းရေး အတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ်တကျ လက်ခံ ရယူနိုင်ရန် “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန” ကို ဤရုံးတွင် ဖွင့်လှစ်ထားရှိကြောင်း ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် အများပြည်သူသို့ ထုတ်ပြန်ကြေညာခဲ့ပါသည်။

 

၂။       “မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာန”သို့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၂၈ ရက်နေ့အထိ ပေးပို့တိုင်ကြားလာသည့် မူးယစ်ဆေးဝါးသတင်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး၏ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက အောက်ပါအတိုင်း ထပ်မံဖော်ထုတ်ဖမ်းဆီးအရေးယူ နိုင်ခဲ့ပါသည်-

 

စဉ်

သတင်းလက်ခံရရှိမှု

ဖော်ထုတ်ဖမ်းဆီးအရေးယူမှု

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီး ကွက်သစ်တွင် မူးယစ်ဆေးဝါးရောင်း ဝယ်သူ အမြောက်အများရှိကြောင်းသတင်းပေးပို့ခြင်း။

၂၄-၇-၂၀၁၈ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီး ရပ်ကွက်ရှိ မသန်းသန်းစိုး(ခ)မိငယ်အား ဘိန်းဖြူမှုန့်များ နှင့်အတူ ဖမ်းဆီးရမိသဖြင့် နမစ(မြစ်ကြီးနား) မယ(ပ) ၉၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့် အရေးယူ ထားရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ ဈေး တောင်ဘက် ဒေါ်အေးကြည် လက်ဖက်ရည် ဆိုင်နှင့် ကပ်လျက် ပလပ်စတစ်အိပ်ခွံမျိုးစုံ ရောင်းဝယ်နေသော လူတစ်စုမှ ဆေးပြားများ ရောင်းဝယ် နေကြောင်း သတင်းပေးပို့ခြင်း။

၂၁-၇-၂၀၁၈ ရက်နေ့တွင် ရမည်းသင်းမြို့၊ ဒေါ်အေးကြည် လ္ဘက်ရည်ဆိုင်နှင့်ကပ်လျက်  အိပ်ခွံမျိုးစုံ ရောင်းဝယ်ရေး ဆိုင်အတွင်းမှ လပြည့်ဖြိုး(ခ)ပိုးတီကောင် (၁၉)နှစ်၊ (ဘ)ဦးတိုးတိုး အား 88/1 စာတမ်းပါ စိတ်ကြွဆေးပြားများ နှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(ရမည်းသင်း) မယ(ပ) ၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/ ၂၁ ဖြင့် လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ မြို့မရပ်ကွက်ကြီး၊ ပန်းတိမ် ရပ်၊ သီလဝလမ်းသွယ်နေ ကောင်းမြတ်စိုး (၂၁)နှစ်၊ (ဘ)ဦးမြဟန်အား88/1 စာတမ်းပါ စိတ်ကြွဆေးပြားများ နှင့်အတူ ဖမ်းဆီးရမိသဖြင့် ကောင်းမြတ်စိုးနှင့် လပြည့်ဖြိုး (ခ) ပိုးတီကောင်တို့အား မမစ(ရမည်းသင်း) မယ(ပ) ၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ထားရှိပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၊ အနောက်ရွာတွင် မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၂၁-၇-၂၀၁၈ ရက်နေ့တွင် ရပ်စောက်မြို့နယ်၊ ကောင်းဘို့ ကျေးရွာအုပ်စု၊ ကောင်းဘို့အနောက်ရွာနေ ဦးတင်ထွန်း (၅၂)နှစ်၊ (ဘ) ဦးဘိုရွှေ ၏ နေအိမ်တွင် ၎င်းနှင့် တစ်ရွာတည်းနေ အောင်မြင့်ဦး (၂၁)နှစ်၊ (ဘ) ဦးသာထွန်း၊ မျိုးသန်းကျော် (၂၄)နှစ်၊ (ဘ) ဦးမြင့်ဆွေ တို့(၃)ဦးအား WY စာတမ်းပါ စိတ်ကြွဆေးပြား များနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(ရပ်စောက်) မယ(ပ) ၃၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

 

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ်၊ အုန်းတောရပ်ကွက်၊ အုန်းတော(၁)လမ်းနေ ဦးမောင်ဇော်နှင့် ဇနီးဖြစ်သူ မသန္တာလင်း တို့သည် မူးယစ်ဆေးဝါးအကြီးအကျယ် ဖြန့်ဖြူးရောင်းချနေကြောင်း၊ ညစဉ်ညတိုင်း ဖြန့်ဖြူးကြောင်း သတင်းပေးပို့ခြင်း။

၂၀-၇-၂၀၁၈ ရက်နေ့တွင် တောင်တွင်းကြီးမြို့၊ အုန်းတော(၂) ရပ်ကွက်၊ အုန်းတော(၁)လမ်းရှိ၊ မောင်ဇော်(ခ) ခင်မောင်ဇော် ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါး၊ အခြားဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းများ ရှာဖွေ တွေ့ရှိခြင်း မရှိသော်လည်း မောင်ဇော်(ခ) ခင်မောင် ဇော်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲ စေတတ် သော ဆေးဝါးများ သယ်ဆောင်ရောင်းချမှု ကျော်ဇောမှု ဖြင့် အရေးယူဆောင်ရွက်ရန် တောင်တွင်းကြီးမြို့နယ်၊ စီမံခန့်ခွဲမှုကော်မတီ၏ ၂၃-၇-၂၀၁၈ ရက်စွဲပါ စာအမှတ်၊ ၃/၁-၅(၀၀၁)/ ဦး ၆ ဖြင့် အကြောင်းပြန်ကြား ခဲ့သဖြင့် မောင်ဇော်(ခ) ခင်မောင်ဇော်အား မမစ (တောင်တွင်းကြီး) မယ(ပ)၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၂၅(က) ဖြင့် အမှုဖွင့်၍ ဆက်လက်စစ်ဆေး အရေးယူထားရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညိုကျေးရွာနေ မျိုးအောင်သည် မူးယစ် ဆေးဝါး ရောင်းချနေသည်မှာ (၄)နှစ်ခန့် ကြာမြင့် ပြီ ဖြစ်ကြောင်း သတင်းပေးပို့ခြင်း။

၂၃-၇-၂၀၁၈ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ရွှေဂဲညို ကျေးရွာ၊ ရပ်ကွက်(၁)ရှိ မျိုးအောင်(၄၀)နှစ်၊ (ဘ) ဦးမောင်လွင်အား WY စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် နမစ (မဏ္ဍိုင်) မယ(ပ)၁၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၀(က)ဖြင့် အမှုဖွင့် အရေးယူ ထားရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ အထကကျောင်းဘေးတွင် မူးယစ်ဆေးဝါး များ ဖြန့်ဖြူးနေကြောင်း သတင်းပေးပို့ခြင်း။

၂၆-၇-၂၀၁၈ ရက်နေ့တွင် ဆွာမြို့တောင်ပိုင်း၊ ကျောင်းအနီး၊ အမှတ်(၆)ရပ်ကွက်ရှိ သတင်းရရှိသော ခင်လေးသိန်း (ခ) ချောချော(၃၈)နှစ်၊ (ဘ)ဦးသိန်းဌေး၏ နေအိမ်ဈေးဆိုင်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနှင့်အတူ သန့်ဇင်ဝင်း (၄၃)နှစ်၊ (ဘ) ဦးဝင်းစိန်၊ အမှတ်(၄-က)ရပ်ကွက်၊ ဆွာမြို့နေသူတို့ (၂)ဦးအား WY စာတမ်းပါစိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် နမစ(ဆွာ) မယ(ပ)၁/၂၀၁၈၊ မူး/စိတ် ပုဒ်မ၁၆(ဂ)/၂၀(က)ဖြင့် အမှုဖွင့်အရေးယူထားရှိပါသည်။

တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့၊ ရွှေဘုံသာရပ်ကွက်တွင် မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၂၄-၇-၂၀၁၈ ရက်နေ့တွင် ဘုတ်ပြင်းမြို့၊ ရွှေဘုံသာရပ်ကွက် အတွင်း စုံစမ်းဆောင်ရွက်စဉ် မြတ်လင်းနှင့် ဟိန်းမင်းဖြိုး တို့(၂) ဦးသည် ရွှေဘုံသာရပ်ကွက်ရှိ ဦးမျိုးသန့်၏ ဥယျာဉ်ခြံအတွင်းသို့ ဝင်/ထွက်သွားလာမှုများ မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စောင့်ဆိုင်း နေစဉ်မြတ်လင်း(၂၉)နှစ်၊ (ဘ)ဦးသန်းဌေး၊ ဟိန်းမင်းဖြိုး(၂၉)နှစ်၊ (ဘ) ဦးထွန်းအေးနှင့် ညီညီဇော် (၃၃)နှစ်၊ (ဘ)ဦးမောင်အေးတို့ (၃)ဦးအား WY စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ (ဘုတ်ပြင်း) မယ(ပ)၁၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/၂၀ (က)/၂၁ ဖြင့်လည်းကောင်း၊ ကွင်းဆက် ဖော်ထုတ်ချက်အရ ဦးမျိုးသန့် (၅၃)နှစ်၊(ဘ)ဦးမန်း၊ ရွှေဘုံသာရပ်ကွက်နေသူ၏ ဥယျာဉ်ခြံအတွင်း ရှိ နေအိမ်တဲအား ဝင်ရောက်ရှာဖွေရာ WY စိတ်ကြွ ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မျိုးသန့်၊ မြတ်လင်း၊ ဟိန်းမင်းဖြိုး၊ ညီညီဇော် တို့(၄)ဦး အား မမစ(ဘုတ်ပြင်း) မယ (ပ)၂၀/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ထားရှိပါသည်။

ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ ညောင်ဝိုင်း ကျေးရွာနေ မတင်တင်မိုးနှင့် ၎င်း၏ညီမဖြစ်သူ မစန္ဒာမိုးတို့သည် မူးယစ် ဆေးဝါး များဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၂၄-၇-၂၀၁၈ရက်နေ့တွင်မအူပင်မြို့နယ်၊ ညောင်ဝိုင်း ကျေးရွာရှိ မတင်တင်မိုး(၃၅)နှစ်၊ (ဘ)ဦးတင်စိုးနှင့် ညီမဖြစ်သူ မစန္ဒာမိုး (၂၈)နှစ်၊ (ဘ)ဦးတင်စိုး တို့(၂)ဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ WY စာတမ်းပါ စိတ်ကြွ ဆေးပြားများနှင့်အတူ ဖမ်းဆီး ရမိပြီး ထိုသို့ရှာဖွေစဉ် မတင်တင်မိုးမှ ဖမ်းဆီးရေး အဖွဲ့အား မီးဖိုချောင်သုံး စတီးဓားကိုင်၍ ရန်ပြုခဲ့၍ ဝိုင်းဝန်းထိမ်းသိမ်းနေစဉ် ၎င်း၏ အိပ်ခန်းအတွင်း၌ အမျိုးသမီးတပ်ဖွဲ့ဝင် ဒုရဲအုပ် နွယ်နွယ်ယဉ်နှင့် ရဲတပ်သား မြတ်စုထွေးတို့မှ ၎င်း၏ခန္ဓာ ကိုယ်အား ရှာဖွေရန်ပြုလုပ်စဉ် သနပ်ခါးတုံးဖြင့် ထုရိုက်ခဲ့၍ ဒုရဲအုပ် နွယ်နွယ်ယဉ်တွင် ယာနဖူး အထက်တွင် (၁)လက်မခန့် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် များအား တာဝန်ဝတ္တရား ဆောင်ရွက် နေစဉ် အန္တရာယ် ဖြစ်စေလောက်သည်အထိ ပြန်လည် ဆောင်ရွက်သူ မတင်တင်မိုးအား မမစ(မအူပင်) (ပ) ၆၃၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၃ ဖြင့် လည်းကောင်း၊ မူးယစ် ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသူ မတင်တင်မိုးနှင့် မစန္ဒာမိုးတို့(၂)ဦးအား မမစ (မအူပင်) မယ(ပ)၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၀(က)/၂၁ ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူထားရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နတ်နန်းအုပ်စု၊ မှိုတောက်ကျေးရွာနေ ကျော်ဌေး သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်းသတင်းပေးပို့ခြင်း။

၂၄-၇-၂၀၁၈ ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်၊ နတ်နန်း ကျေးရွာ အုပ်စု၊ မှိုတောက်ကျေးရွာနေ ကျော်ဌေး(၃၆)နှစ်၊ (ဘ)ဦးစံဖေ အား ဘိန်းဖြူများ၊ WY စာတန်းပါ စိတ်ကြွဆေးပြား များနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(ဟုမ္မလင်း) မယ(ပ) ၆၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၀(က) ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

၁၀

မန္တလေးတိုင်းနှင့် မကွေးတိုင်း နယ်စပ် လွှစင်ရွာ တစ်ရွာလုံး သုံးစွဲခြင်း၊ ဖြန့်ဝေခြင်း အဓိက လုပ်ကိုင်နေကြပြီး ခေါင်းစွဲရွာ၊ ရွာတော်၊ ကျွန်းတော၊ ညောင်ကုန်းရွာ များတွင်လည်း ဝယ်ယူရရှိနိုင်ကြောင်း သတင်း ပေးပို့ခြင်း။

ရဲတပ်ဖွဲ့ဝင်အင်အား (၂၀၀) ဦးကျော်ဖြင့် ၁၈-၇-၂၀၁၈ ရက်နေ့မှစ၍ နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ တရားခံ ကျား(၄)ဦးအား မူးယစ်ဆေးဝါး ဘိန်းဖြူများ၊ စိတ်ကြွ ဆေးပြားများ၊ ဆေးခြောက်များ၊ ဘိန်းချေးခဲများနှင့်အတူ ဖမ်းဆီးရမိသဖြင့် အမှု(၆)မှု ဖွင့်လှစ် အရေးယူထားကြောင်း အား ၂၃-၇-၂၀၁၈ ရက်နေ့ သတင်းတွင် ထုတ်ပြန်ပြီးဖြစ် ပါသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ၂၃-၇-၂၀၁၈ ရက်နေ့ ထပ်မံ စစ်ဆေးရှင်းလင်းစဉ် ပေပင်ရှည်ကျေးရွာအုပ်စု၊ ပေပင် ကျေးရွာနေ ကျော်ကြီး(၃၁)နှစ်၊ (ဘ)ဦးသာအေးအား88/1 စာတန်းပါစိတ်ကြွဆေးပြားများ၊ ခါးချိုး လေသေနတ် (၁)လက် တို့နှင့်အတူ ဖမ်းဆီးရမိသဖြင့် ရကစ(ညောင်ကုန်း) မယ (ပ)၂ / ၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၀(က)/၂၂(ခ) ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

၁၁

စစ်ကိုင်းတိုင်း ဒေသကြီး၊ မော်လိုက်မြို့နယ်၊ ကုန်းဝါးရုံသာ ကျေးရွာနေ ဦးမြအောင်နှင့် ဦးဝင်းမောင်တို့မှာ မူးယစ်ဆေးဝါးများ ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၂၁-၇-၂၀၁၈ ရက်နေ့တွင် မော်လိုက်မြို့နယ်၊ ကုန်းဝါးရုံသာ ကျေးရွာ၌ စိစစ်စစ်ဆေးနေစဉ် မြအောင် (၅၆)နှစ်၊ (ဘ) ဦးမောင်တင်အား ဘိန်းဖြူမှုန့်များနှင့်အတူ ဖမ်းဆီးရမိ သဖြင့် မမစ(မော်လိုက်) မယ(ပ)၁၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့် လည်းကောင်း၊ ကွင်းဆက် ဖော်ထုတ်ချက်အရ ၎င်းကျေးရွာရှိ အောင်သန်း (၇၅)နှစ်၊ (ဘ)ဦးဘဂျမ်း၏ နေအိမ်၌ ၎င်းနှင့်အတူ တစ်ရွာတည်းနေ ဝင်းမောင် (၅၆)နှစ်၊ (ဘ)ဦးထွန်းလူ၊ ကျော်ဌေး (၄၃)နှစ်၊ (ဘ) ဦးဘလှိုင်၊ သန်းဌေးဝင်း (၄၅)နှစ်၊ (ဘ)ဦးစံသိန်းနှင့် ကျော်ဆန်းမင်း(ခ)ကွန်ဖူး (၃၁)နှစ်၊ (ဘ)ဦးကျော်ဆွေတို့ (၅)ဦးအား ဘိန်းဖြူမှုန့်များနှင့် အတူ ဖမ်းဆီးရမိသဖြင့် မမစ(မော်လိုက်) မယ(ပ)၁၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/ ၂၁ဖြင့် အမှုဖွင့်အရေးယူထားရှိပါသည်။

၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်အုပ်စု၊ သက္ကယ်တောင်ရွာနေ သိန်းစိုး သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချ နေကြောင်း သတင်းပေးပို့ခြင်း။

၂၃-၇-၂၀၁၈ ရက်နေ့တွင် ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်အုပ်စု၊ သက္ကယ်တောင်ကျေးရွာနေ ဦးသိန်းစိုး(၅၀)နှစ်၊ (ဘ) ဦးကြီးမြင့် အား ဘိန်းဖြူမှုန့်များနှင့်အတူ ဖမ်းဆီးရမိသဖြင့် နမစ (မိုင်းကိုင်) မယ(ပ) ၄၃/ ၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့်အရေးယူထားရှိ ပါသည်။

၁၃

တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ၊ ရွှေဂဲညိုကျေးရွာ အုပ်စု၊ ရွှေဂဲညိုကျေးရွာနေ စိုင်းနေအောင်သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။

၂၃-၇-၂၀၁၈ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင် မြို့နယ်ခွဲ၊ ရွှေဂဲညိုကျေးရွာ၊ ရပ်ကွက်(၃)နေ စိုင်းနေအောင် (၃၂)နှစ်၊ (ဘ)ဦးလှအောင်အား ဘိန်းစာမှုန့်များနှင့်အတူ ဖမ်းဆီးရမိသဖြင့် နမစ(မဏ္ဍိုင်) မယ(ပ)၁၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ) ဖြင့် အမှုဖွင့်အရေးယူထားရှိပါသည်။

၁၄

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်းမြို့၊ ကော့မုပွန် ကျေးရွာနေ ဦးဘခင်သည် ၎င်း၏ ခြံထဲတွင် ဘိန်းစာရွက်ပင်များ စိုက်ပျိုး ရောင်းချ နေကြောင်း သတင်းပေးပို့ခြင်း။

၂၃-၇-၂၀၁၈ ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ကျေးရွာ၊ ရပ်ကွက်(၆)၊ အမှတ်(၂၆၅)ရှိ ဦးဘခင် (၆၄)နှစ်၊ (ဘ)ဦးဂုံ ခြံအား စစ်ဆေးရာ ဘိန်းစာပျိုးပင်(၄)ပင်၊ ခြံစည်းရိုးအနီးမှ အမြင့်(၁၅)ပေ (၃)လက်မ၊ လုံးပတ်(၈)လက်မခွဲခန့်ရှိ ဘိန်းစာရွက်ပင် (၁)ပင်နှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ (ချောင်းဆုံ) မယ(ပ)၆/၂၀၁၈၊ မူး/ စိတ်ပုဒ်မ ၁၆(က) /၁၆(ဂ) ဖြင့် အမှုဖွင့် အရေးယူထားရှိ ပါသည်။

၁၅

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက်(၄)၊ အုပ်စု(၁၀) တောင်ကုန်းပေါ်တွင် နေ့စဉ်နှင့် အမျှ လူအများ မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖောက်ကားခြင်း ပြုလုပ်လျက် ရှိကြောင်း သတင်း ပေးပို့ခြင်း။

၂၃-၇-၂၀၁၈ ရက်နေ့တွင် ကွတ်ခိုင်မြို့၊ ရပ်ကွက်(၈)၊ မဟာ သာသနာ့ရိပ်သာလမ်းနှင့် သင်္ချိုင်းကုန်းသွား လမ်းဆုံ၌ စောင့်ဆိုင်း စိစစ်နေစဉ် အိုက်စံ(၃၀)နှစ်၊ (ဘ)ဦးခွန်စံ၊ ဟိုကျန့်ရွာ အား ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ (ကွတ်ခိုင်) မယ(ပ)၆၅/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၆(ဂ) ဖြင့်လည်းကောင်း၊ ကွင်းဆက်အရ စိစစ်ရာ အိုက်ဆာ (၄၀)နှစ်၊(ဘ)ဦးအိုက်လေ့အား ဘိန်းဖြူများနှင့် အတူ ဖမ်းဆီးရမိသဖြင့် မမစ(ကွတ်ခိုင်) မယ(ပ) ၆၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့် လည်းကောင်း၊ ကွင်းဆက်အရ လုံဇေ(၄၀)နှစ်၊ (ဘ)ဦးခေါင်လုံးအား WY စာတန်းပါ စိတ်ကြွဆေးပြားများ၊ ဘိန်းဖြူများနှင့် အတူ ဖမ်းဆီးရမိ သဖြင့် မမစ(ကွတ်ခိုင်) မယ(ပ)၆၇/၂၀၁၈၊ မူး/စိတ် ၁၉(က)ဖြင့် လည်းကောင်း၊ ကွင်းဆက်အရ ၂၄-၇-၂၀၁၈ ရက်နေ့တွင် ရပ်ကွက်(၈)၊ ခိုလုံသွားလမ်း၊ ခိုလုံ ရေကန်အနီး၌ စောင့်ဆိုင်းနေစဉ် လောက်ဟယ်(ခ) မင်လောက်ဟယ်(၅၀)နှစ်၊(ဘ)ဦးမင်ချီဟွမ် အား 88/1 စာတမ်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ သဖြင့် မမစ(ကွတ်ခိုင်) မယ(ပ)၆၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က) ဖြင့် လည်းကောင်း၊၂၆-၇-၂၀၁၈ ရက်နေ့တွင် ကွင်းဆက် သတင်းအရ ကွတ်ခိုင်မြို့နယ်၊ မန်ပန်ကျေးရွာ၊ ပြည်ထောင်စု လမ်းမကြီးဘေး၊ မိုင်တိုင် အမှတ် (၂၂၃/၃)အနီး ရှင်းလင်း ရှာဖွေစဉ် အိုက်ရီဘုံ (၃၁)နှစ်၊ (ဘ) ဦးလအိုင်အား ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မယ(ပ)၆၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က) ဖြင့် လည်းကောင်း၊ ဆက်လက်၍ အိုက်ဆမ် (ခ)အားရွှင်း (၄၂)နှစ်၊ (ဘ) ဦးအိုက်လေးပါအား WY စာတမ်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ထပ်မံ ဖမ်းဆီးရမိသဖြင့် မမစ(ကွတ်ခိုင်) မယ (ပ)၇၀/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့်လည်းကောင်း၊ ၂၈-၇-၂၀၁၈ ရက်နေ့တွင် ကွင်းဆက်သတင်းအရ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၄)၊ တရုတ်သင်္ချိုင်းကုန်းအနီး စောင့်ဆိုင်း နေစဉ် လမ်းမပေါ်၌ ဇော်ဘုံ (၂၆)နှစ်၊ (ဘ) ဦးဇော်အောင်၊ ဟိုနမ့် ကျေးရွာနေသူအား 88/1 စာတမ်းပါ စိတ်ကြွ ဆေးပြားများ နှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ (ကွတ်ခိုင်) မယ (ပ)၇၁/ ၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့် လည်း ကောင်း အမှုဖွင့် အရေးယူထားရှိပါသည်။

၁၆

မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ပိတောက်ချပ် ရပ်ကွက်နေ ဒေါ်ခင်စန်းဝင်း၏ နေအိမ် တောင်ဘက်ရှိတဲတွင် ဘိန်းမဲထုပ်များ ဝှက်ထားကြောင်း သတင်းပေးပို့ခြင်း။

၂၄-၇-၂၀၁၈ ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက် ကျေးရွာ၊ ပိတောက်ချပ်ရပ်ကွက်၊ အမှတ်(၂၄)နေ ဒေါ်ခင်စန်းဝင်း (၅၈)နှစ်၊ (ဘ) ဦးဘသောင်း၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၎င်းနှင့်ခင်ပွန်းဖြစ်သူ ဦးသောင်းလှ (၆၅)နှစ်၊ (ဘ) ဦးပလူနှင့် ဦးဝင်းဗိုလ်(၅၀)နှစ်၊ (ဘ) ဦးတင်မောင်၊ ပေါက်ကုန်း ကျေးရွာနေသူနှင့် ကိုသိန်းသိန်းဝင်း (၂၂)နှစ်၊ (ဘ)ဦးဇော်ဝင်း၊ အုတ်ခြောက်လုံးကျေးရွာ နေသူတို့ (၄)ဦးအား ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိသဖြင့် နမစ(လက်ပံလှ) မယ(ပ)၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၁ ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကမာ ကသွယ်ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် မူးယစ် ဆေးဝါးများ ရောင်းဝယ်နေကြောင်း သတင်း ပေးပို့ခြင်း။

၂၆-၇-၂၀၁၈ ရက်နေ့ ၁၆၄၅ အချိန် ဒလမြို့နယ်၊ ကမာ ကသွယ်ရပ်ကွက်၊ ကျန်စစ်သားလမ်းအတွင်း စိစစ်နေချိန် လွင်မိုးအောင် (ခ)ကုလားလေး (၂၅)နှစ်၊ (ဘ)ဦးတင်ဌေးအား WY စာတမ်းပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ သဖြင့် မမစ (ဒလ) မယ(ပ)၂၇/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့် အရေးယူထားရှိပါသည်။

၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ ဦးဖိုးကာမှ မူးယစ် ဆေးဝါးများ ရောင်းချနေကြောင်း သတင်း ပေးပို့ခြင်း။

၂၈-၇-၂၀၁၈ ရက်နေ့တွင် ဖောင်းပြင်မြို့နယ်၊ ရွာသစ်ကုန်း ကျေးရွာ၏ မြောက်ဘက်(၂)မိုင်ခန့်အကွာရှိ ဖိုးကာ (၄၇)နှစ်၊ (ဘ)ဦးကျော်လင်း၏ လယ်စောင့်တဲအား ဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ ကောက်ကွေ့ကျေးရွာနေ ချစ်ဦး (၄၁)နှစ်၊ (ဘ) ဦးသောင်းဖေတို့အား တွေ့ရှိရပြီး ဖိုးကာမှ အသာတကြည် အဖမ်းခံသော်လည်း ချစ်ဦးမှာ တဲပေါ်မှခုန်ချပြီး ထွက်ပြေး သဖြင့် လိုက်လံဖမ်းဆီးရာ ချစ်ဦးမှ အသင့်ပါလာသော ဓါးဖြင့် လိုက်လံဖမ်းဆီးသည့် ရဲတပ်သား ဟိန်းထက်အောင်အား ပြန်လည်ခုခံရန်ပြုသောကြောင့် ခုခံကာကွယ်ပိုင်ခွင့်အရ ရဲတပ်သား ဟိန်းထက်အောင်မှ အသင့်ပါလာသော သေနတ်ဖြင့် (၁)ချက် ခြောက်လှန့် ပစ်ခတ်သော်လည်း ဆက်လက် အတင်းဝင်ရောက် ဓားဖြင့်ထိုးသဖြင့် ၎င်း၏ ခါးအောက်ပိုင်းသို့ (၂)ချက် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ချစ်ဦး၏ ဝဲ/ယာခြေထောက်တို့တွင် ဒဏ်ရာ(၁)ချက်စီ (မစိုးရိမ်ရ)ရရှိ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း၏ ခန္ဓာကိုယ်တွင် လွယ်ထားသော လွယ်အိတ်အတွင်းနှင့် ဖိုးကာ၏ လယ်စောင့်တဲအတွင်းမှ ဘိန်းဖြူများနှင့် တဲအတွင်းမှ WY စာတန်းပါ စိတ်ကြွ ဆေးပြားများအား ဖမ်းဆီးရမိသဖြင့် ၎င်းတို့(၂)ဦးအား မမစ(ဖောင်းပြင်) မယ(ပ) ၅၁/၂၀၁၈၊မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁/၂၂(ခ)ဖြင့်လည်းကောင်း၊ တရားခံ ချစ်ဦးအား မမစ (ဖောင်းပြင်) (ပ)၈၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူထားရှိပါသည်။

၁၉

တနင်္သာရီတိုင်း ဒေသကြီး၊ ပုလောမြို့နယ်၊ ရှမ်းပို့ကျေးရွာ၊ ဝါးတန်း(၃)လမ်း၊ အခန်း(၅၀)နေ ဦးမင်းလွင်သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူး ရောင်းချနေကြောင်း သတင်းပေးပို့ခြင်း။  

၂၆-၇-၂၀၁၈ ရက်နေ့တွင် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာ၊ ဝါးတန်း(၃)လမ်းနေ မင်းလွင် (၅၀)နှစ်၊ (ဘ)ဦးတင်ရွှေ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့် ဇနီးဖြစ်သူ မမွှေး (ခ) မမွှေးရှင် (၄၂)နှစ်၊ (ဘ)ဦးထွန်းရှင်၊ သားဖြစ်သူ ပိုင်ဦး(ခ) မင်းပိုင်ဦး (၂၂)နှစ်တို့ (၃)ဦးအား ဘိန်းစာမှုန့်များ နှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(ပုလော) မယ(ပ)၂၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/ ၂၀(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ပါသည်။

၂၀

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျောရွာရှိ “ရွှေဘော်ဒါ” စားသောက်ဆိုင်မှ ဦးလှမြင့်နှင့် ဇနီး ဒေါ်မြင့်မြင့်ခိုင်၊ ဆီဆိုင်မျက်စောင်းထိုးတွင် ကားဝပ်ရှော့ ဖွင့်လှစ်ထားသော သိန်းစိုးတို့ သည် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချ နေကြောင်း သတင်းပေးပို့ခြင်း။

၂၈-၇-၂၀၁၈ ရက်နေ့တွင် ကျောမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဦးလှမြင့် (၄၂)နှစ်၊ (ဘ)ဦးဘိုသန်း၏ ရွှေဝါထွန်း နေအိမ် စားသောက်ဆိုင်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား တွေ့ရှိခြင်း မရှိဘဲ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခိုင် (၃၉)နှစ်၊ (ဘ)ဦးရာခင် အား တွေ့ရှိရပြီး နေအိမ်စားသောက်ဆိုင် အိပ်ခန်းအတွင်းရှိ ဗီရိုအတွင်းမှ ဘိန်းဖြူများ၊ 88/1စာတမ်းပါ စိတ်ကြွ ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသဖြင့်  ဒေါ်မြင့်မြင့်ခိုင်အား မမစ (ဂန့်ဂေါ) မယ (ပ)၅/၂၀၁၈၊မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် လည်းကောင်း၊ ဆက်လက်၍ ကျောမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ဦးသိန်းစိုး (၄၀)နှစ်၊ (ဘ) ဦးချစ်ရှိန်အား ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသဖြင့် မမစ(ဂန့်ဂေါ) မယ(ပ)၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူ ထားရှိပါသည်။

                                                                                           

၃။       တိုင်ကြားလာသော သတင်းများအနက် ပြည်ထဲရေးဝန်ကြီးဌာနက ၂၈-၇-၂၀၁၈ ရက်နေ့အထိ စုံစမ်း ဖော်ထုတ်ချက်အရ  အမှုပေါင်း(၇၇)မှု ဖွင့်လှစ်အရေးယူခဲ့ပြီး တရားခံကျား(၁၀၀)ဦး၊ မ(၁၉)ဦး၊ ပေါင်း(၁၁၉)ဦး ဖမ်းဆီးရမိခဲ့၍ ဘိန်းဖြူ(၅၉၃.၁၂)ဂရမ်၊ ICE(ဝ.၅၅)ဂရမ်၊ ဘိန်းမဲ(၃၀)ဂရမ်၊ ဘိန်းစိမ်း(၃၁၃၂၆)ဂရမ်၊ အဝတ်ဘိန်း(၁၀)ဂရမ်၊ ဘိန်းချေးခဲ(၂၄.၅၀)ဂရမ်၊ ဘိန်းစာမှုန့်(၁၄၆၂)ဂရမ်၊ ဘိန်းစာရွက်(၃၂၆၆)ဂရမ်၊ စိတ်ကြွ ဆေးပြား(၁၇၃၇၅)ပြား၊ ဆေးခြာက်(၁၃၁.၀၈)ဂရမ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးသတင်း များနှင့်ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ထပ်မံဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်မှု အခြေအနေအား ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

 

၄။       မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားပေးပို့သော သတင်းများကို အထက် ဖော်ပြပါ အတိုင်း စိစစ်ဖော်ထုတ်အရေးယူခဲ့သည့်အပြင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ သီးခြားရရှိသော မူးယစ်သတင်းများအပေါ် စိစစ်ဖော်ထုတ်ခြင်း၊ နယ်စပ်ပူးပေါင်းစစ်ဆေးဂိတ်များတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်း၊ သတင်းအရ မော်တော်ယာဉ်/ဆိုင်ကယ်များကို ရှာဖွေစစ်ဆေးခြင်းတို့ကြောင့် ယခုသီတင်းပတ် (၂၂-၇-၂၀၁၈ ရက်နေ့မှ၂၈-၇-၂၀၁၈ရက်နေ့အထိ) အတွင်း မူးယစ်အမှုပေါင်း(၂၃၂)မှုတွင် တရားခံ ကျား(၂၈၆)ဦး၊ မ(၅၁)ဦး၊ ပေါင်း(၃၃၇)ဦး ဖမ်းဆီးရမိခဲ့ပြီး ဘိန်းဖြူ(၉၃၇၀.၀၀)ဂရမ်၊ ICE (၂၁၅၁.၇၇)ဂရမ်၊ ဘိန်းစိမ်း(၅၄၉၂၄.၉၆) ဂရမ်၊ အဝတ်ဘိန်း(၁၆.၃၃)ဂရမ်၊ ဘိန်းစာမှုန့်(၁၀၅၄.၆၅)ဂရမ်၊ စိတ်ကြွဆေးပြား (၁၀၇၁၃၉.၅) ပြား၊ ဆေးခြောက် (၅၇၂.၇၄)ဂရမ်၊ စိတ်ကြွဆေးပြားအမှုန့်(၁.၁)ဂရမ်၊ ဘိန်းဖြူရည်(ဝ.၀၀၂)လီတာ၊ အက်တက်စီ ဆေးပြားအမှုန့်(ဝ.၃)ဂရမ်၊ ဗျူပရီနော်ဖင်းဆေးပြား(၆၀)ပြား၊ ဒိုင်ယာဇီပင်အရည် (ဝ.၀၃)လီတာနှင့် တရာမဒေါလ် ဆေးပြား(၁၀၀)ပြားတို့ကိုလည်း သီးခြားအနေဖြင့် ဖော်ထုတ်သိမ်းဆည်းရမိခဲ့ပါသည်။

 

၅။       မူးယစ်ဆေးဝါးများ ပိုမိုဖမ်းဆီးရမိနိုင်ရေးနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ တိုင်ကြားနိုင်သည့်အပြင် ထူးခြားသည့်ကိစ္စရပ်များနှင့် ကြီးမားသည့် မူးယစ် ဆေးဝါးရောင်း/ဝယ်မှုကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံး၏ “မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေး ဌာန” အောက်ဖော်ပြပါ တယ်လီဖုန်း/ ဖက်စ်ဖုန်းနှင့် အီးမေးလ်လိပ်စာတို့သို့ ရုံးချိန်အတွင်း လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ပါကြောင်း ထပ်မံအသိပေးအပ်ပါသည်-

 

ဆက်သွယ်ရန်-

အော်တိုတယ်လီဖုန်းနံပါတ်        -         ၀၆၇-၅၉၀၂၀၀

ဖက်စ်ဖုန်းနံပါတ်          -         ၀၆၇-၅၉၀၂၃၃

အီးမေးလ်လိပ်စာ                   -         antinarcotics@presidentoffice.gov.mm