ပေါက်တောနှင့် မြေပုံမြို့ရှိ ကျေးရွာ ၅၀ အား ၂၄ နာရီပြည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မည်

Printer-friendly versionSend by email

မောင်တော နိုဝင်ဘာ ၁

 

ရခိုင်ပြည်နယ် ပေါက်တောနှင့် မြေပုံ မြို့တို့၌ တည်ဆောက်ပြီး စီးပြီဖြစ်သော ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အား ခွဲရုံ နှစ်ရုံကို နိုဝင်ဘာ ၂ ရက် နံနက် ပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ် နှစ်မြို့နယ်ရှိ ကျေးရွာ ၅၀ ခန့်ကို တစ်ရက် လျှင် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ပေါက်တောမြို့ရှိ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေဓာတ်အားခွဲရုံကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက်က စတင် ဆောက်လုပ် ခဲ့ရာ ၂၀၁၆ ခုနှစ် မတ် ၂၀ ရက်တွင် ပြီးစီးခဲ့သဖြင့် အောက်တိုဘာ ၂ ရက်က စ၍ မြို့ပေါ်ရှိ အိမ်ခြေ ၉၇၆ အိမ်ကို တစ်ရက်လျှင် ၂၄ နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး လျက်ရှိကြောင်း။

 

အဆိုပါ ဓာတ်အားခွဲရုံမှ ပေါက်တောမြို့ပေါ်မှ ကျန်ရှိသော အိမ်ထောင်စုများနှင့် အနီးပတ်ဝန်းကျင် ရှိ ကျေးရွာ ၃၀ ခန့်ကို လျှပ်စစ်ဓာတ်အား တိုးချဲ့၍ ဖြန့်ဖြူးပေးနိုင်ကြောင်းနှင့် ထိုသို့ လျှပ်စစ် ဓာတ်အား တိုးချဲ့ ဖြန့်ဖြူးပေး နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ ကြောင်း ပြည်နယ်လျှပ်စစ် ဦးစီးဌာနမှသိရသည်။

 

ပေါက်တောမြို့ပေါ်ရှိ အိမ်ခြေ စုစု ပေါင်း ၃၀၈၂ အိမ်နှင့် အနီးပတ်ဝန်းကျင်ရှိ သရွှဲကျေးရွာ၊ ကျောက်ဆိပ်ကျေးရွာ၊ နတ်တော်ပြင်ကျေးရွာ၊ ဒါးကိုင်ကျေးရွာ၊ မော်ထုတ်ကြီးကျေးရွာ၊ မနော်သီရိ ကျေးရွာ၊ လက်ပံပြားကျေးရွာ၊ မင်းဘာ ကျေးရွာ၊ တောင်ညိုကျေးရွာ၊ အဝကံ ကျေးရွာ၊ သဝင်ချောင်း ကျေးရွာ၊ တောင်းဖူးကျေးရွာ၊ တပ်မော်ကျေးရွာ၊ ကြိမ်ခွေမော်ကျေးရွာ၊ ရွာချောင်း ကြီးကျေးရွာ၊ ကျော်ရှင်ကျေးရွာ၊ ငခူရှည် ကျေးရွာ၊ သိမ်ကျောင်းမော်ကျေးရွာ၊ ကြိုင်းရှည်ကျေးရွာ၊ လက်မယာကျေးရွာ၊ ငဖြူကျေးရွာ၊ သရက်ကျေးရွာ၊ သရက်ချို ကျေးရွာ၊ တလိုင်းချောင်းကျေးရွာ၊ စစ်ကဲချောင်းကျေးရွာ၊ ပိုက်ဆိပ်ကျေးရွာ၊ ဘဲရကုလားချောင်း ကျေးရွာ၊ ငခူချောင်း ကျေးရွာ၊ ဆားပြင်ကျေးရွာ၊ စွန်ရဲ ကျေးရွာနှင့် ကြောင်ရှည်ချောင်း ကျေးရွာ များကို လျှပ်စစ်ဓာတ်အား တိုးချဲ့၍ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

မြေပုံမြို့ရှိ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်က စတင်ဆောက်လုပ်ခဲ့ရာ ၂၀၁၆ ခုနှစ် မတ် ၂၀ ရက်တွင် ပျောက်ဆုံးခဲ့သည့် သေနတ်နှစ်လက် သိမ်းဆည်းရမိ တည်ဆောက်ပြီးစီးခဲ့သဖြင့် ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်ကစ၍ အိမ်ထောင်စု ၁၁၆၅ စုကို တစ်ရက်လျှင် ၂၄ နာရီ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း။

 

အဆိုပါ ဓာတ်အားခွဲရုံမှ မြေပုံ မြို့ပေါ်မှ ကျန်ရှိသော အိမ်ထောင်စု များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ၂၀ ခန့်ကို လျှပ်စစ်ဓာတ်အား တိုးချဲ့ ၍ ဖြန့်ဖြူးပေးနိုင်ကြောင်းနှင့် ထိုသို့ လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးနိုင် ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်လျှပ်စစ် ဦးစီးဌာနမှ သိရသည်။

 

မြေပုံမြို့ပေါ်ရှိ အိမ်ခြေစုစုပေါင်း ၂၆၂၈ အိမ်နှင့် အနီးပတ်ဝန်းကျင်ရှိ အငူရွာဟောင်း၊ အငူရွာသစ်၊ အုန်းတော ကျေးရွာ၊ ပြိုင်းတောချေကျေးရွာ၊ ထူးချေ ကျေးရွာ၊ ကျောက်မော်ကြီးကျေးရွာ၊ အောင်ပင်လယ် ကျေးရွာ၊ ခေါင်းဖြူ ကျေးရွာ၊ ကံသာ ကျေးရွာ၊ ဒဂုံကျေးရွာ၊ ဝက်ခေါင်းကျေးရွာ၊ ပဲကောက်ကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ ကြက်ရေ ကျေးရွာ၊ တွင်းငခူချောင်းကျေးရွာ၊ ပြင်ငခူချောင်းကျေးရွာ၊ ကြင်ချောင်း ကျေးရွာ၊ ၀ကောက်ကြီး ကျေးရွာ၊ ငမန်းရဲကြီး ကျေးရွာနှင့် လွန်းလုံးပိုက် ကျေးရွာများကို လျှပ်စစ်ဓာတ်အား တိုးချဲ့ ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။