မဏ္ဍိုင်ကြီးသုံးရပ် ပူးပေါင်းဆောင်ရွက်

Printer-friendly versionSend by email

ကျွန်တော်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားတဲ့ အခွင့်အာဏာကို တတ်နိုင်သမျှ ပိုင်းခြား ကျင့်သုံးနေကြတဲ့ မဏ္ဍိုင်ကြီး သုံးရပ်အကြားမှာ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် နားလည်မှု၊ အပြန်အလှန် ယုံကြည်မှုတွေနဲ့ ပြည်သူတွေ အကျိုးအတွက် ပူးပေါင်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ နားတွေ၊ မျက်စိတွေဖြစ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက် ထားကြဖို့၊ ကျွန်တော်တို့ အလုပ်အကျွေးပြုရမယ့် နိုင်ငံသူ နိုင်ငံသားတွေရဲ့ ပြည်သူ့မဏ္ဍိုင်ကို အလေးအမြတ် ပြုကြဖို့ တစ်ဆက်တည်းမှာပဲ တိုက်တွန်းပြောကြား လိုပါတယ်။ (နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၃၀-၃-၂၀၁၈ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုပွဲအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်)