သတင်းထုတ်ပြန်ချက် အမှတ်၊ ၄ /၂၀၁၈

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် အမှတ်၊ ၄ /၂၀၁၈

၁၃၈၀ ပြည့်နှစ်၊ ပထမဝါဆိုလပြည့်ကျော်  ၁ ရက်

(၂၀၁၈ ခုနှစ်၊ ဇွန်လ  ၂၈ ရက်)

ထိုင်းနိုင်ငံတွင် လိုဏ်ဂူအတွင်း ပိတ်မိနေကြသည့် လူငယ်များကယ်ဆယ်ရေးတွင် မြန်မာနိုင်ငံက အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်

၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့် လိုဏ်ဂူအတွင်း ဝင်ရောက်သွားပြီး လိုဏ်ဂူအတွင်း ပိတ်မိနေကြသည့် လူငယ်ဘောလုံး အသင်းမှ(၁၃) ဦးကို ရှာဖွေ ကယ်ဆယ်နိုင်ရေး ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေး အဖွဲ့များက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံက လိုအပ်သည်များ အပြည့်အဝ ပူးပေါင်းကူညီ ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့သို့ ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။