ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုကို ဖွဲ့စည်းသွားရန်ရှိ (သတင်းထုတ်ပြန်ချက် အမှတ်၊ ၃ / ၂၀၁၈)v

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် အမှတ်၊ ၃ / ၂၀၁၈

၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်ကျော်  ၂  ရက်

( ၂၀၁၈ ခုနှစ်၊ မေလ  ၃၁ ရက် )

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုကို ဖွဲ့စည်းသွားရန်ရှိ

ရခိုင်ပြည်နယ်အတွင်း ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်ရာတွင်  အမျိုးသားအစီအစဉ်တစ်ရပ်အနေဖြင့် မြန်မာအစိုးရသည် လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီ၏ အကြံပေးအဖွဲ့၏ ကြားဖြတ်အကြံပြုချက်များကိုပါ ထည့်သွင်း စဉ်းစားလျက် ဤသို့ဆုံးဖြတ်ခြင်းဖြစ်သည်။ ဤလွတ်လပ်သောကော်မရှင်သည် အာဆာ အကြမ်းဖက် အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ယင်းနှင့် ဆက်နွယ်သည့် ကိစ္စများကို စုံစမ်းစစ်ဆေးမည်ဖြစ်သည်။

ကော်မရှင်တွင် နိုင်ငံတကာမှ ပုဂ္ဂိုလ်ကြီး တစ်ဦးအပါအဝင် အဖွဲ့ဝင် ( ၃ ) ဦး ပါဝင်မည်ဖြစ်ပြီး၊ ကော်မရှင်အား ပြည်တွင်းနှင့် နိုင်ငံတကာမှ ဥပဒေနှင့် နည်းပညာ ကျွမ်းကျင်သူများက ပံ့ပိုးပေးမည် ဖြစ်ပါသည်။