ဒုတိယသမ္မတဦးမြင့်ဆွေ၏ ၂၀၁၈ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

Printer-friendly versionSend by email

တိုင်းရင်းသားပြည်သူအပေါင်းတို့ ခင်ဗျား -

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ၂၀၁၈ ခုနှစ် နှစ်သစ်အခါ သမယမှာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည်စုံပါစေကြောင်း ဆုမွန် ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။

၂။ ၂၀၁၇ခုနှစ်၊ နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၁၈ ခုနှစ်၊ နှစ်သစ်ကိုစတင်ရောက်ရှိပြီ ဖြစ်ပါတယ်။ နှစ်သစ်မှာတိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ အမြန်ဆုံးရရှိအောင် ညီညီညွတ်ညွတ် ကြိုးပမ်း ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

၃။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာမှာနှစ်ဟောင်းက အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး၊ နှစ်သစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင်ဆင့်တွေ ပိုမိုချော မွေ့လျင်မြန်စွာ ပြီးမြောက်စေဖို့အတွက် ညီညွတ်ရေးကိုအရင်းခံတဲ့ စိတ်သစ်လူသစ်များ နဲ့ ဆက်လက်ကြိုးပမ်းသွားကြရမှာဖြစ်ပါတယ်။

၄။ စည်းလုံးညီညွတ်ပြီး အသိပညာစွမ်းအား၊ စိတ်ဓာတ်စွမ်းအားများနဲ့ အားထုတ် ကြိုးပမ်းကြမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။

၅။ အခက်အခဲတွေမည်သို့ ရှိသည်ဖြစ်စေ ပြည်သူ့စွမ်းအားဖြင့် အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြ မယ်ဆိုရင်တော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်ပြီး ထွက်ပေါ်လာမယ့် အသီးအပွင့်တွေကို ပြည်ထောင် စုသားအားလုံး တန်းတူညီမျှ ခံစားနိုင်ကြမှာဖြစ်ပါတယ်။

၆။ တိုင်းရင်းသားပြည်သူအားလုံး နှစ်သစ်မှာကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။