ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်လမ်းနှင့်တံတား B.O.T လုပ်ငန်းရှင်များအသင်းမှ အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email
ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်လမ်းနှင့်တံတား B.O.T လုပ်ငန်းရှင်များအသင်းမှ အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်လမ်းနှင့်တံတား B.O.T လုပ်ငန်းရှင်များအသင်းမှ အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား



နေပြည်တော် စက်တင်ဘာ ၄



ရေဘေးသင့်ပြည်သူများအားကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း များ အတွက်လမ်းနှင့်တံတား B.O.T လုပ်ငန်းရှင်များအသင်းမှ အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကိုယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိနိုင်ငံတော် သမ္မတအိမ်တော် ဒုတိယသမ္မတဦးစီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာအမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။



အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊သူရဦးအောင်ကို၊ ဒေါက်တာဝင်းမြတ်အေး၊ နိုင်သက်လွင်၊ဒုတိယဝန်ကြီး ဦးတင်မြင့်၊ဦးစိုးအောင်၊ဦးလှမော်ဦး၊အမြဲတမ်းအတွင်းဝန်များနှင့်အလှူရှင် လမ်းနှင့် တံတား B.O.T လုပ်ငန်းရှင်များအသင်းမှကိုယ်စားလှယ်များတက်ရောက်ကြသည်။



အခမ်းအနားတွင် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူကယနေ့ကာလတွင်ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် သဘာ၀ဘေးအန္တရာယ်များပိုမိုများပြားလာခြင်း၊ ပိုမိုအင်အား ပြင်းထန် လာခြင်းများသည်ထူးခြားစွာခံစားလာရသည့် ဘေးအန္တရာယ်များမဟုတ်တော့ ဘဲကမ္ဘာပေါ်တွင်ပုံမှန်ဖြစ်ပေါ်ခံစားလာရသော ဘေးအန္တရာယ်များဖြစ်လာနေသည် ကို တွေ့ရှိရပါကြောင်း။



မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူနှစ်စဉ် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားနေရချိန်တွင် အစိုးရသာမကပြည်သူများ၊ လုပ်ငန်းရှင်များ၊ လူမှုအဖွဲ့ အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်သည့်အလေ့အထ ပိုမိုအားကောင်းလာသည်နှင့် အမျှဘေးအန္တရာယ်ခံစားရသူများအတွက် ပိုမိုကောင်းမွန်သည့် ကူညီစောင့်ရှောက်မှုများ ပေးနိုင်လာသည်ကိုတွေ့ရှိရပါကြောင်း။



ယခုနှစ်မိုးဦးကျတွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့်ရေကြီးခြင်းနှင့် မြေပြို ခြင်းဘေး များကြုံတွေ့ခံစားခဲ့ရသည့် ပြည်သူများအတွက်ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်လမ်းနှင့်တံတား B.O.Tလုပ်ငန်းရှင်များ အသင်းမှ အလှူငွေပေးအပ်လှူဒါန်းလာသည့်အတွက် သဘာဝဘေးဒဏ်ခံစားနေရသူများ ကိုယ်စား၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကိုယ်စား ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း။



နောင်တွင်လည်း သဘာဝဘေးရင်ဆိုင်ကြုံတွေ့လာချိန်များတွင် ကူညီကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအစိုးရနှင့်အတူ တတ်နိုင်သမျှဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန်လည်းဖိတ်ခေါ်လိုပါကြောင်း၊ လမ်းနှင့်တံတား B.O.T လုပ်ငန်းရှင် များအနေဖြင့်လည်းယခုကဲ့သို့လှူဒါန်းမှုများ ဆက်လက်ဆောင်ရွက် နိုင်ပါစေ ဟုဆုမွန်ကောင်းတောင်းပါကြောင်းပြောကြားသည်။



ထို့နောက်လမ်းနှင့်တံတား B.O.T လုပ်ငန်းရှင်များအသင်းမှဦးရဲမြင့်က မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့ အတွင်းရှိရေးဘေးသင့် ပြည်သူများအားကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေ ပေးအပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်းပြောကြားသည်။



ထို့နောက်လမ်းနှင့်တံတား B.O.T လုပ်ငန်းရှင်များအသင်းမှကိုယ်စားလှယ်များက ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် အလှူငွေကျပ်သိန်း (၄၅၀)ကို ပေးအပ်လှူဒါန်းရာဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ် သည်။