နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာ ပေးအပ်

Printer-friendly versionSend by email

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာ ပေးအပ်

နေပြည်တော် ဩဂုတ် ၁၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ နီးကိုလာ့စ် အပ်ခါဇာဘာသည် ယနေ့ နံနက် (၁၀)နာရီ မိနစ်(၄၀)တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် သံတမန် ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်းတို့ တက်ရောက်ကြသည်။