ဒုတိယသမ္မတ ဦးမြင့်ဆွေ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပေါလစ်ဗျူရိုကော်မတီအဖွဲ့ဝင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပေါလစ်ဗျူရိုကော်မတီအဖွဲ့ဝင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ

 

နေပြည်တော် ဇွန် ၁၆

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် မြန်မာနိုင်ငံ၌ အလုပ်သဘောခရီး ရောက်ရှိနေသော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပေါလစ်ဗျူရိုကော်မတီအဖွဲ့ဝင် Mr. Vuong Dinh Hue ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

ဧည့်သည်တော် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပေါလစ်ဗျူရိုကော်မတီအဖွဲ့ဝင် Mr. Vuong Dinh Hue ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ညစာစားပွဲအခမ်းအနား ကျင်းပမည့် ရွှေစံအိမ်ဟိုတယ်သို့ရောက်ရှိလာကြရာ ဒုတိယသမ္မတ ဦးမြင့်ဆွေက ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်သည်။

 

ညစာစားပွဲတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညစာကို အတူတကွသုံးဆောင်ကြသည်။

 

ညစာစားပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးလှကျော်၊ ဦးသာဦး၊ ဦးအောင်ထူးနှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။