နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့်ဇနီးဒေါ်ချိုချို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့်ရွေးကောက်ပွဲသို့ လာရောက်ဆန္ဒမဲပေး

Printer-friendly versionSend by email
ရန်ကုန် မတ် ၃၁ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့်ရွေးကောက်တင် မြှောက်ပွဲကို ယနေ့နံနက်ပိုင်းမှစတင်ပြီး သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီး၌ ကျင်းပလျက်ရှိ ရာ န်ိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို မိသားစုတို့သည် ယနေ့နံက်(၈)နာရီတွင် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ အမှတ်(၃)မဲရုံ၌ လာရောက်ဆန္ဒမဲပေးကြသည်။  ထို့သို့ ဆန္ဒမဲပေးရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ကျော်၊ တာမွေမြို့နယ်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် တာဝန်

ရန်ကုန် မတ် ၃၁

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် အဆင့်ဆင့်ရွေးကောက်တင် မြှောက်ပွဲကို ယနေ့နံနက်ပိုင်းမှစတင်ပြီး သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီး၌ ကျင်းပလျက်ရှိ ရာ န်ိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချို မိသားစုတို့သည် ယနေ့နံက်(၈)နာရီတွင် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ အမှတ်(၃)မဲရုံ၌ လာရောက်ဆန္ဒမဲပေးကြသည်။

ထို့သို့ ဆန္ဒမဲပေးရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ကျော်၊ တာမွေမြို့နယ်စည်ပင်သာယာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးကြသည်။