နိုင်ငံတော်သမ္မတဦးဝင်းမြင့် နန့်မြစ်ခတံတားတည်ဆောက်ရေးစီမံကိန်းနှင့် မြစ်ကြီးနားမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

Printer-friendly versionSend by email
နေပြည်တော် မတ် ၂၂
 
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသောဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာမြင့်ထွေး ၊ ဦးဟန်ဇော်၊ နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနား - ဝိုင်းမော်ကားလမ်းပေါ်ရှိ နန့်မြစ်ခတံတားတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
 
နိုင်ငံတော်သမ္မတ အား တံတားတည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက တံတားစီမံကိန်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။
 
တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတကလုပ်ငန်းများအချိန်မီပြီးစီးရေး၊ စံချိန် စံညွှန်းပြည့်မီ စေရေး၊ နိုင်ငံ့ဘဏ္ဍာငွေအလေအလွင့်မဖြစ်စေရေး၊ တံတားခံနိုင်ဝန်နှင့် ပတ်သက်ပြီး ယာဉ်ဖြတ်သန်းမှုများအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြပ်မတ် ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍မှာကြားသည်။
 
ထို့နောက် နိုင်ငံတော်သမ္မတသည် နန့်မြစ်ခလေးလမ်းသွားတံတားအနက် ကျန်ရှိ နေသည့် နှစ်လမ်းသွားတံတားတည်ဆောက်နေမှု၊ တည်ဆောက်ပြီးစီးသည့် နှစ်လမ်းသွား တံတားနှင့် တံတားအောက်ခြေတွင် ချောင်းရေတိုက်စားမှုကာကွယ်ရန် ကွန်ကရစ် မြေထိန်းနံရံတည်ဆောက်နေမှုတို့ကိုလိုက်လံကြည့်ရှုသည်။
 
အဆိုပါ နန့်မြစ်ခတံတားမှာ မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်တွင် တည်ရှိပြီးတံတားအမျိုးအစားမှာသံကူကွန်ကရစ်၊ သံမဏိသံဘောင် အမျိုးအစားဖြစ်ပြီး ယာဉ်တစ်စီးခြင်းခွင့်ပြုခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်းသိရသည်။ ယင်းနန့်မြစ်ခတံတားမှာ လေးလမ်းသွားတံတားဖြစ်ပြီး လက်ရှိတွင် နှစ်လမ်းသွားတည်ဆောက်ပြီးစီးပြီဖြစ်ကာ ယခုအခါ လေးလမ်းသွားတံတားဖြစ်ရန် ထပ်မံတည်ဆောက်နေခြင်း ဖြစ်ကြောင်းသိရ သည်။
 
ယင်းနောက် နိုင်ငံတော်သမ္မတသည် မြစ်ကြီးနားမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိပြီးကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။
 
ထို့သို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတအား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေး နှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်မြင့်က နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းဖွင့်လှစ်ထားရှိမှု၊ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်မွေးပညာများသင်ကြားပေးနေမှု၊ သင်တန်းကျောင်းဆိုင်ရာ အချက် အလက်များနှင့် တိုင်းရင်းသားလူငယ်များအားလေ့ကျင့်မွေးထုတ်ပေးနေမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
 
ထို့နောက် နိုင်ငံတော်သမ္မတကမိမိတို့ နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်ပါကြောင်း၊ ပြည်ထောင်စုနိုင်ငံဆိုသည်မှာ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး ပါဝင်ပြီး တည်ဆောက်ထားခြင်းကြောင့် ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု တိုင်းရင်းသားများအတွက် ပညာရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့် အရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နေပါကြောင်း၊ ပြည်ထောင်စုသားသမီးတို့အနေဖြင့် ပညာသင်ကြားပေးသည့် ဆရာ၊ ဆရာမများ၏ သွန်သင်ဆုံးမမှုကိုလေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ ဆရာ၊ဆရာမများ၏ သင်ကြား ပြသပေးမှုများသည် သားတို့သမီးတို့၏ အနာဂတ်အတွက်များစွာ အရေးပါပါကြောင်း၊ ယခုသင်တန်းကျောင်းများတွင် ပညာရေး၊ သက်မွေးပညာနှင့် ပြည်ထောင်စု စိတ်ဓာတ် တည်တံ့ခိုင်မြဲရေးအတွက် အလေးထားသင်ကြားပေးနေသည်ကို တွေ့ရပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကိုသားတို့ သမီးတို့ အနေဖြင့် မိမိပတ်ဝန်းကျင်၊ မိမိဒေသ၊ မိမိ တိုင်းရင်းသားများအကြား သိရှိပြန့်ပွားအောင် ပြောကြားပေးရန်လိုအပ်ပါကြောင်း၊ ပြည်ထောင်စု သားသမီးများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုမှာပညာရေးရင်းနှီးမြုပ်နှံမှုအပေါ်မူတည်ပါကြောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများတွင် စာကြည့်တိုက်များထားရှိ ပေးသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ သားတို့သမီးတို့အနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာကြည့်တိုက်သို့ သွားရောက်လေ့လာဖတ်ရှုမှုများမှတ်ဖွယ် မှတ်ရာများကိုမှတ်သားကြစေလိုကြောင်း၊ နိုင်ငံတော်ကိုခေါင်းဆောင် မည့်သူများသား တို့သမီးတို့ထဲမှ ပေါ်ထွက်လာမည်ဟုထင်မြင်ယူဆပါကြောင်း၊ သားတို့သမီးတို့သည် ပညာအင်အား၊ စိတ်ဓာတ်ခွန်အားပြည့်ဝပြီး နိုင်ငံတော်အား ပြန်လည်အလုပ်အကျွေးပြုရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကိုသားတို့ သမီးတို့ရင်ထဲတွင် ထာဝစဉ်ကိန်း အောင်းပြီး ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဝပြောအောင် ဆောင်ရွက်သွားကြစေ လိုကြောင်းမှာကြားသည်။
 
ယင်းနောက် နိုင်ငံတော်သမ္မတကကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများပေးအပ်ပြီးကျောင်းသား၊ကျောင်းသူများ၏ အိပ်ဆောင်၊ စားရိပ် သာနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
 
ထို့နောက် နိုင်ငံတော်သမ္မတသည် မြစ်ကြီးနားမြို့၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုပြီးစီတာပူမနောကွင်း၌ ပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်သည်။
 
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့မှ တပ်မတော် လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြရာမွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိကြ သည်။