ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ (၅၆)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲအခမ်းနားသို့ တက်ရောက်ချီးမြှင့် ကျောက်စိမ်းအတွဲ ၆၉၇၄ တွဲ၊ ကျောက်မျက်အတွဲ ၅၀၀ နှင့် ပုလဲအတွဲ ၂၇၄ တွဲ တို့ကိုပြသရောင်းချသွားမည်

Printer-friendly versionSend by email
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ (၅၆)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲဖွင့်ပွဲအခမ်းနားသို့ တက်ရောက်ချီးမြှင့် ကျောက်စိမ်းအတွဲ ၆၉၇၄ တွဲ၊ ကျောက်မျက်အတွဲ ၅၀၀ နှင့် ပုလဲအတွဲ ၂၇၄ တွဲ တို့ကိုပြသရောင်းချသွားမည်

 

နေပြည်တော်၊ မတ် ၁၁

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဒေါက်တာသန်းမြင့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ အမျိုးသားလွှတ် တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟ၊ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် ဒေါက်တာရဲမြင့်ဆွေ၊ ပြပွဲဗဟိုကော်မတီ ဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း၊ ပြည်တွင်းပြည်ပရတနာကုန်သည်များ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ အား မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ က ပြပွဲဆိုင်ရာအချက်အလက်များနှင့် ခင်းကျင်းပြသထားရှိမှုများကို LED Display Board ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတ သည် သတ်မှတ်နေရာများလိုက် ခင်းကျင်းပြသထားသည့် မြန်မာ့ကျောက်မျက်ရတနာ ပြခန်းပြကွက်များကို ကြည့်ရှုအားပေးသည်။

ယနေ့ ကျင်းပသည့် (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် (၉၄) ပွဲမြောက်ပြပွဲဖြစ်ပြီး မတ် ၁၁ ရက် မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ပြပွဲတွင် ကျောက်စိမ်းအရိုင်းများ၊ ကျောက်စိမ်းအချောထည်များ၊ ကျောက်မျက်ရိုင်းများ၊ ကျောက် မျက်အချောထည်များ၊ လက်ဝတ်ရတနာများ၊ ကျောက်စိမ်းနှင့်ဆင်တူသောကျောက်များ၊ ရုပ်ထုရုပ်ထွင်းများ၊ ပုံဆောင်ခဲများ၊ ကျောက်ကပ်ပန်းချီများနှင့် ပုလဲအတွဲများကို သတ်မှတ် ရက်များအလိုက် ပြသရောင်းချသွားမည်ဖြစ်သည်။

ပြပွဲတွင် ကျောက်စိမ်းအတွဲ အမှတ် ၁ မှ ၁၂၀၀ အထိကို မတ် ၁၅ ရက်တွင် လည်းကောင်း၊ အတွဲအမှတ် ၁၂၀၁ မှ ၂၄၀၀ အထိကို မတ် ၁၆ ရက်တွင်လည်းကောင်း၊ အတွဲအမှတ် ၂၄၀၁ မှ ၃၆၀၀ အထိကို မတ် ၁၇ ရက်တွင်လည်းကောင်း၊ အတွဲအမှတ် ၃၆၀၁ မှ ၄၈၀၀ အထိကို မတ် ၁၈ ရက်တွင်လည်းကောင်း၊ အတွဲအမှတ် ၄၈၀၁ မှ ၆၀၀၀ အထိကို မတ် ၁၉ ရက်တွင်လည်းကောင်း၊ အတွဲအမှတ် ၆၀၀၁ မှ ၆၉၇၄ အထိကို မတ် ၂၀ ရက်တွင် လည်းကောင်း၊ ကျောက်မျက်အတွဲ ၅၀၀ ကို မတ် ၁၄ ရက်တွင်လည်းကောင်း၊ ပုလဲအတွဲ အတွဲအမှတ် ၁ မှ ၁၈၂ အထိကို မတ် ၁၂ ရက်တွင် လည်းကောင်း၊ အတွဲအမှတ် ၁၈၃ မှ ၂၇၄ အထိကို မတ် ၁၃ တွင်လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွား မည်ဖြစ်သည်။

ကျောက်စိမ်းအရိုင်းအတွဲများအတွက် သတ်မှတ်ထားသည့် အခြေခံဈေးသည် ယူရိုငွေ (၅၀၀၀) နှင့်အထက်၊ ကျောက်စိမ်းအချောထည်များအတွက် သတ်မှတ်ထားသည့် အခြေခံဈေးသည် ယူရိုငွေ (၁၀၀၀) နှင့် အထက်၊ ကျောက်မျက်အတွဲများအတွက် သတ်မှတ်ထားသည့် အခြေခံဈေးသည် ယူရိုငွေ (၅၀၀) နှင့်အထက်၊ ပုလဲအတွဲများအတွက် သတ်မှတ်ထားသည့် အခြေခံဈေးသည် ယူရိုငွေ (၁၀၀၀)နှင့်အထက် ဖြစ်ကြောင်းသိရ သည်။

ပြပွဲတွင် ရောင်းရငွေတန်ဖိုးအပေါ် သတ်မှတ်ကောက်ခံမည့် အခွန် အခနှုန်းထားများ မှာ အထူးကုန်စည်ခွန်အနေဖြင့် ကျောက်စိမ်းအရိုင်းများအတွက် (၁၅) ရာခိုင်နှုန်း၊ ကျောက် မျက်အရိုင်းများအတွက် (၁၀) ရာခိုင်နှုန်း၊ ကျောက်မျက်လက်ဝတ်ရတနာအချောထည်များ အတွက် (၃) ရာခိုင်နှုန်းနှင့် အချောထည်များအတွက် (၁) ရာခိုင်နှုန်း ကောက်ခံသွားမည် ဖြစ်သည်။

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ က ``ဒီနေ့ ကျင်းပတဲ့ (၅၆)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဟာ အရင်ကပြသ ရောင်း ချခဲ့တဲပွဲတွေထက်ပိုကောင်းမယ်ထင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီပွဲမှာ အရည် အသွေး တော်တော်လေးကောင်းမွန်တဲ့ကျောက်တွေပါဝင်နေလို့ပါပဲ၊ ပြည်တွင်းပြည်ပ ရတနာကုန် သည် ၃၀၀၀ ကျော်တက်ရောက်မယ်လို့ခန့်မှန်းထားပါတယ်၊ ဒီပြပွဲမှာ ယခင်ပြ ပွဲတွေထက် ကျောက်စိမ်းကျောက်မျက်အတွဲတွေပိုမိုခင်းကျင်းပြသထားတာကိုမြင်တွေ့ကြ မှာဖြစ်ပါတယ်၊ နိုင်ငံတော်အတွက်၊ ပြည်သူတွေအတွက်၊ လုပ်ငန်းရှင်တွေအတွက် အကျိုးရှိ စေမယ့် ပွဲတစ်ပွဲဖြစ်ပါတယ်´´ ဟုပြောသည်။