နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချိုတို့ နဝင်းပြည့်ဆုတောင်းပြည့် လာဘ်ပေးရန်ကာ နဂါးရုံဘုရားကြီး၏ ဌာပနာတော်သွင်း မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညို

Printer-friendly versionSend by email
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီးဒေါ်ချိုချိုတို့ နဝင်းပြည့်ဆုတောင်းပြည့် လာဘ်ပေးရန်ကာ နဂါးရုံဘုရားကြီး၏ ဌာပနာတော်သွင်း မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညို

ဟားခါး ဖေဖော်ဝါရီ ၂၁



ချင်းပြည်နယ် ဟားခါးမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုနှင့် အဖွဲ့သည် ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည့် အိပ်မက်တော်ရ သစ္စာအောင်မြေကုန်းတော် ဇေတဝန် တောရကျောင်းတိုက်အတွင်း တည်ထားလျက်ရှိ သည့် နဝင်းပြည့်ဆုတောင်းပြည့် လာဘ်ပေးရန်ကာ နဂါးရုံဘုရားကြီး၏ ဌာပနာတော် သွင်း မဟာမင်္ဂလာအခမ်းအနားကို တက်ရောက်ကြည်ညိုပြီး ဓာတ်တော်မွေတော်၊ ဗုဒ္ဓရုပ်ပွားဌာပနာတော်များ ဆက်ကပ်လှူဒါန်းသည်။



အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက မဟာဗောဓိမြိုင်ရိပ်သာကျောင်းတိုက်ဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ ပညာဝံသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ် သရဇ္ဈာယ်တော်မူသည့် ဂုဏ်တော်ကိုးပါးပဋိတော်များကို နာယူပြီး လာဘ်ပေးရန်ကာ မုဒြာနဂါးရုံဘုရားကြီးတွင် သွင်းလှူပူဇော်မည့် ဓာတ်တော်မွေတော် ဗုဒ္ဓရုပ်ပွား ဌာပနာ တော်များနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို ချင်းတောင်တန်း သာသနာပြု ဆရာတော် ဒေါက်တာ ဘဒ္ဒန္တတေဇောသာရထံ ဆက်ကပ်လှူဒါန်း၍ ပြည်ထောင်စုဝန်ကြီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္တုပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြပြီးနောက် ချင်းတောင်တန်းသာသနာပြု ဆရာတော် ဒေါက်တာဘဒ္ဒန္တ တေဇောသာရ ဟောကြားသည့် အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေသည်။